နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

1027 Operations

1027 Operations ဘာသာပြန်သတင်း

မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ သဘောတူ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်၊ ရိုက်တာ။

မြန်မာပြည်မြောက်ပိုင်းရှိ မဟာမိတ်ညီနောင်သုံးဖွဲ့သည် အစိုးရ၏ အာဏာချုပ်ကိုင်မှုကို အားနည်းသွားစေသည့် လအတန်ကြာ ညှိနှိုင်းထိုးစစ်ဆင်ပြီးနောက် တရုတ်အစိုးရ၏ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများအတွင်း အာဏာသိမ်းစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် စစ်တပ်သည် အောက်တိုဘာလ နှောင်းပိုင်းမှစတင်၍ ၎င်းတို့ ထိန်းချုပ်ထားသည့်ဒေသများကို ပြန်လည်သိမ်းပိုက်ရန် တိုင်းရင်းသားလူနည်းစုလူမျိုးစု မဟာမိတ်အဖွဲ့ကစုပေါင်းပြီး တိုက်ပွဲဝင်နေပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြောက်ပိုင်းနယ်စပ်တစ်လျှောက်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကို အနှောင့်အယှက်ဖြစ်စေပြီး၊ စစ်ပြေးဒုက္ခသည် အများအပြား တရုတ်နိုင်ငံတွင်း ဝင်ရောက်လာမှု အလားအလာနှင့် ပတ်သက်၍ တရုတ်နိုင်ငံကို စိုးရိမ်မကင်း ဖြစ်စေခဲ့သည်။

လက်နက်ကိုင်အဖွဲ့များထဲမှ တစ်ခုဖြစ်သည့် TNLA မှ ခေါင်းဆောင်တစ်ဦးက “ ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဆက်လက်ရှေ့တိုး တိုက်ခတ်နေမှုကို မလုပ်ဆောင်တော့ဘဲ အပစ်အခတ်ရပ်စဲရေး” ကို သဘောတူညီခဲ့ကြောင်း သောကြာနေ့တွင် ရိုက်တာသို့ ပြောကြားခဲ့သည်။ အဆိုပါကိစ္စသည် ထိလွယ်ရှလွယ်ဖြစ်သောကြောင့် သူ၏အမည်ကို မဖော်ပြလိုကြောင်း ပြောကြားခဲ့သည်။

“(မဟာမိတ်) ဘက်ကနေ ရန်သူ့စခန်းတွေ မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာကို ရှောင်ကြဉ်ဖို့ သဘောတူညီချက်မှာ ပါဝင်ပြီး၊ တပ်မတော်ဘက်ကနေ၊ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ မလုပ်ဘူး” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားရာတွင် “နှစ်ဖက်စလုံးက ပစ်ခတ်ရပ်စဲပြီး စစ်ပွဲကို ချက်ချင်းရပ်ရန် သဘောတူညီခဲ့ကြသည်” ဟု ပြောကြားခဲ့သည်။ နှစ်ဘက်စလုံးက တရုတ်နယ်စပ်မှာ နေထိုင်သူတွေကို မထိခိုက်စေဖို့ ကတိပြုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Mao Ning က ပြောပါတယ်။ “ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အတွက် စိတ်အားထက်သန်စွာဖြင့် အမြင့်ဆုံးထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးဆောင်ရွက်ကြမည်ဟု တရုတ်က မျှော်လင့်သည်” ဟု သူမက ဆိုသည်။

ယာယီအပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးရေး ဆက်လက်ထားရှိရန် နှစ်ဖက်ပါတီများသည် သဘောတူညီခဲ့ကြောင်း ဘေဂျင်းက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်းနှင့် အခြားဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တရုတ်နယ်စပ်ရှိ စီးပွားရေးမြို့ဖြစ်သည့် လောက်ကိုင်ကို MNDAA က ပြီးခဲ့သည့် သီတင်းပတ်က သိမ်းပိုက်ခဲ့သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် လူ ၃၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ လူပေါင်း ၂ သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ပဋိပက္ခတွင် မြန်မာရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညီနောင်သုံးဖွဲ့ထံ လက်နက်ချခြင်း သို့မဟုတ် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို မြန်မာစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်း မရှိပေ။ မဟာမိတ်အဖွဲ့သုံးဖွဲ့ထဲမှ လက်နက်ကိုင် မဟာမိတ်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ဆွေးနွေးပွဲအပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်အပေါ် ချက်ခြင်း တုံ့ပြန်ခြင်း မရှိပေ။

Source: ရိုက်တာသတင်းဌာန

Photo: ကိုးကန့်ဒေသ၏ မြို့တော်လောက်ကိုင်မြို့ကို ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ကတွေ့မြင်ရစဉ်။

REUTERS/Khin Maung Win/Pool/File Photo

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 37 Views
ဇန်နဝါရီလ (၁၂)ရက်။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီကနေ့မှာကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA ရဲ့ ထုတ်ပြန်ထာချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 34 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 45 Views
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ
1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 46 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ
1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 93 Views
နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ ဒီဇင်ဘာလ (၂၆)ရက်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 110 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ TNLA ရဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲမှာ ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 102 Views
ဒီဇင်ဘာလ (၁၈)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲထဲ အသက်ပေးလှူခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဗိုလ်လောင်းသင်တန်းသားတွေဟာ အလုပ်သင်ဗိုလ်သင်တန်း(TAOT)ရဲ့ အပတ်စဉ် (၄)
1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 103 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့