နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါနဲ့ ပခုက္ကူခရိုင်ထဲက စစ်ဘေးရှောင်းစခန်းတွေကို လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

ဇန်နဝါရီလ (၁၂)ရက်။

(၂၀၂၃)ခုနှစ် ဒီဇင်ဘာလအတွင်းက မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်ထဲရှိ စစ်ဘေးရှောင်စခန်းတွေကို လူသားချင်းစာနာမှု ကူညီထောက်ပံ့ငွေ ပံ့ပိုးပေးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းနဲ့အဖွဲ့ဟာ ဂန့်ဂေါနဲ့ ပခုက္ကူခရိုင်ထဲရှိ စစ်ဘေးရှောင်စခန်းတွေကို (၃)ပတ်ကြာခရီးစဉ် သွားရောက်ခဲ့ပြီး မြို့နယ်/ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီခရီးစဉ်မှာ စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် ထောက်ပံ့ငွေကို မြို့နယ်ခေါင်းဆောင်တွေနဲ့ မြို့နယ်လူသားစာနာတာဝန်ခံတွေထံ ပေးအပ်ကာ အားပေးစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဝန်ကြီးဌာနဲ့ မြို့နယ်လူသားစာနာတာဝန်ခံတွေ ပူးပေါင်းပြီး စာသင်ကျောင်းတွေက ဗုံးခိုကျင်းတွေကို ကြည့်ရှု့စစ်ဆေးခဲ့ကာ မြို့နယ် PDF တပ်ရင်းမှူးတွေနဲ့ တွေ့ဆုံပြီး ပကဖ စစ်သင်တန်းတစ်ခုကိုလည်း သွားရောက်အားပေးစကားပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေ၊ သူနာပြုသင်တန်းကျောင်းနဲ့ စာသင်ကျောင်းတွေကို သွားရောက်ကာ ပြည်သူ့အကျိုးဆောင်ရွက်ပေးနေတဲ့ ဆရာဝန်တွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသူ/ကျောင်းသားတွေကို ကျေးဇူးတင်စကားနဲ့ အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ ရွာတစ်ရွာမှာ ပြည်သူတွေနဲ့တွေ့ဆုံပြီး ပြည်သူတွေ သတ်ဖြတ်ခံရပြီး အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာတွေအတွက် များစွာစိတ်မကောင်းကြောင်းနဲ့ တော်လှန်ရေးအောင်မြင်မှုတွေအကြောင်း ရှင်းပြကာ နှစ်သိမ်းအားပေးစကားပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခရီးစဉ်အတွင်း မျက်စိနှစ်ဘက်လုံးနဲ့ လက်တစ်ဘက်ဆုံးရှုံးရတဲ့ ရဲဘော်တစ်ဦးကို ကူညီပံ့ပိုးငွေပေးအပ်ခဲ့ပြီး ကျဆုံးရဲဘော်တစ်ဦးရဲ့ ဆွမ်းသွတ်အစီအစဉ်မှာ ပါဝင်ဆောင်ရွက်ခဲ့သလို ခရစ်စမတ်ပွဲ၊ နှစ်သစ်ကူးပွဲတွေမှာ ပါဝင်ဆင်နွှဲတာတွေ ဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 14 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 16 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 13 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 54 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ