ဇန်နဝါရီလ (၁၂)ရက်။
ဒီကနေ့ ဇန်နဝါရီလ (၆၁)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၂၃၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျနေကြတဲ့ စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ (၂၉၂)ဦးကို PSLF/TNLA က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ အကျဉ်းသား/အကျဉ်းသူ (၂၉၂)ဦးထဲက ထောင်ဒဏ် (၁)လကနေ (၅)နှစ်အထိ ပြစ်ဒဏ်ကျခံနေရတဲ့ (၂၃၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထောင်ဒဏ် (၇)နှစ်ကနေ (၂၀)နှစ်အထိ ကျခံနေရသူ (၆၀)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်မှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပြစ်မှုကျူးလွန်သူတွေ ပါဝင်တယ်လို့ ရေးသားထားပါတယ်။
အရင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့အထဲမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ ပါဝင်ခဲ့ပေမယ့် အခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာတော့ စစ်သုံ့ပန်းတွေ မပါဝင်ဘူးလို့ TNLA က ပြောဆိုထားချက်အရ သိရပါတယ်။