နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရာဖာကို အစ္စရေး၏ လာမည့်တိုက်ခိုက်မှုအတွက် ကာတာ၊ ဆော်ဒီအာရေဗျနှင့် ဗြိတိန်တို့က အလွန်စိုးရိမ်ဟုဆို

ဖေဖော်ဝါရီ (၁၂) ရက်။

ကာတာ၊ ဆော်ဒီအာရေဗျ၊ ဗြိတိန်နှင့် အခြားနိုင်ငံများသည် ပါလက်စတိုင်းပိုင်နက် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖာကို မြေပြင်စစ်ဆင်ရေးအတွက် အစ္စရေး၏အစီအစဉ်များကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနသည် ရာဖာအား မြေပြင်စစ်ဆင်ရေးအတွက် အစ္စရေး၏ အစီအစဉ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ၁၁ ရက်နေ့က ပြောကြားခဲ့သည်။ ဝိုင်းရံထားသည့် ဂါဇာကမ်းမြှောင်တွင် ထောင်နှင့်ချီသော လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသူများအတွက် နောက်ဆုံးခိုလှုံရာ ရာဖာသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခု ကျရောက်နေပြီဖြစ်သည်။

“အစ္စရေးတပ်ဖွဲ့တွေက ရာဖာကို ကျူးကျော်ဝင်ရောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာကို တားဆီးဖို့နဲ့ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အရေးတကြီး အရေးယူဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။” ဟု ကာတာက ပြောလိုက်သည်။

ဖေဖော်ဝါရလ (၁၀) ရက်နေ့တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ရာဖာကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့မှုအပေါ် ၎င်း၏နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ထက်ဝက်ကျော် ခိုလှုံလာခဲ့ကြောင်း X (ယခင် Twitter) တွင် ရေးသားဖော်ပြခဲ့သည်။ တိုက်ပွဲများ ချက်ခြင်းရပ်စဲရေး၊ အကူအညီပေးရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့ကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသော အပစ်အခတ်ရပ်စဲရေးဆီသို့ တိုးတက်မှုကို အားပေးခဲ့သည်။

“ဒါက ပြင်းထန်တဲ့ တင်းမာမှုတွေ ဖြစ်ပေါ်စေလိမ့်မယ်။ ဓားစာခံတွေ လွှတ်ပေးဖို့နဲ့ ရန်လိုမှုတွေ ရပ်စဲရေး ညှိနှိုင်းမှု ပြန်လည်စတင်တာက သွေးထွက်သံယို မဖြစ်ရအောင် တစ်ခုတည်းသော နည်းလမ်းပဲ” ဟု ရေးသားထားသည်။

ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ရာဖာမြို့ကို အစ္စရေးက တိုက်ခိုက်မှုသည် အလွန်ဆိုးရွားသည့် ဂယက်ရိုက်ခတ်မှုများ ဖြစ်လာနိုင်သည်ဟု သတိပေးသည့် ကြေညာချက်ကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ပါလက်စတိုင်းများကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းသည်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းတောင်းဆိုဖို့ ထပ်လောင်းတောင်းဆိုလိုက်သည်ဟု ဆိုထားပါသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု