နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးရိုးမထဲ (၄)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၈၀)ကျော်သေဆုံးခဲ့

မတ်လ (၁၁)ရက်။

မတ်လ (၇)ရက်နေ့ကစပြီး (၁၀)ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၈၄)ဦးအထိ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၅)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လ (၇)ရက်နေ့ နေ့လယ် (၁)နာရီခန့်က ပဲခူးရိုးမထဲရှိ ဧက(၁၀၀၀)ကျွန်းစိုက်ခင်း၊ ကျုံးပေါက်အနီး စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၂၀)ပါ စစ်ကောင်စီတပ်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၂)နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၂၀)ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညနေ (၅)နာရီခန့်မှာတော့ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယုလမ်းဆုံမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတွေကို တိုက်ခိုက်ခဲ့ကာ (၃)နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၁)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မတ်လ (၈)ရက်နေ့က ကျုံးပေါက်အနီးကို စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တက်လာတာကြောင့် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားထားပါတယ်။

ဒါ့ပြင် မတ်လ (၉)ရက်နေ့မှာလဲ စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ အလောင်းတွေကို မှတ်တမ်းရိုက်ကူးဖို့ သွားရောက်ချိန် ခရစ်ယာန်ဘုရားကျောင်း မယ်တော်စင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က (၂၀)ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မတ်လ (၁၀)ရက်နေ့ နေ့လယ် (၂)နာရီခန့်မှာတော့ တရုတ်ကျွန်းစိုက်ခင်းဘက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဗမာသင်္ချိုင်းကုန်းအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးသမား (၂)ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

အခုလို (၄)ရက်တာ တိုက်ပွဲကို သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)နဲ့ ဒဂုံစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က MA-3 (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ၆၀မမ (၁)လက်၊ ၆၀မမ အသီး(၁)လုံး၊ ရှေ့ထွက်မိုင်း(၁)လုံး၊ ခြင်းကျား(၂)လုံး၊ ဆိုလာပြားတစ်ချပ်နဲ့ အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ရိုးမအထဲ သွားလာတာမပြုလုပ်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 21 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 30 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 32 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 29 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့