နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့မှာ စစ်ကောင်စီ ခံစစ်ပြင်ဆင်

++ သံတွဲမြို့ရှိ အကျဉ်းထောင်က ဝန်ထမ်းတွေ ထွက်ပြေးနေတယ်လို့ ဆို ++

+++ အကျဉ်းထောင်က အကျဥ်းသားနဲ့ အချုပ်သားတွေကိုတော့ စစ်ရေးအခြေအနေကြောင့် လွှတ်ပေးနေရ +++

ဇူလိုင်လ (၁၃) ရက်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ငပလီအခြေစိုက်တပ်ရင်းများကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် စစ်ကောင်စီဟာ သံတွဲမြို့အတွင်းမှာ ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ သံတွဲတပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ (၅၆၆) ကို ဇွန်လ (၂၇) ရက်နေ့၊ သံတွဲလေဆိပ်ကို ဇူလိုင်လ (၅) ရက်၊ ခလရ (၅၅) ကို ဇူလိုင်လ (၉) ရက်တို့တွင် AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံတွဲမြို့ထဲနဲ့ အနီးဝန်းကျင်မှာ ကျန်ရှိနေသေးတဲ့အတွက် သံတွဲမြို့တစ်ခုလုံးအား သိမ်းပိုက်ရရှိရန် ဆက်လက် ထိုးစစ်ဆင်မယ်လို့ ဇူလိုင်လ (၁၁) ရက်နေ့မှာ AA က သတင်းထုတ်ပြန်ထားပါတယ်။

သံတွဲမြို့မကျရေးအတွက် အကျဉ်းထောင်နှင့် အထပ်မြင့်အဆောက်အုံများတွင် နေရာယူ၍ စစ်ကောင်စီက ခံစစ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေအရ သံတွဲမြို့ အကျဉ်းထောင်က အကျဉ်းဦးစီးဌာနဝန်ထမ်း ၇၀ လောက်ဟာ ထွက်ပြေးသွားပြီလို့ သိရပါတယ်။ ထောင်ပိုင်ကတော့ မပြေးဘဲ ကျန်နေခဲ့တယ်လို့ သိရပါတယ်။ အကျဉ်းထောင်ကအကျဥ်းသားနဲ့ အချုပ်သားတွေကိုတော့ စစ်ရေးအခြေ အနေကြောင့် လွှတ်ပေးနေရတယ်လို့လည်း သိရပါတယ်။

ခရီးသွားလုပ်ငန်းတွေနဲ့ ငပလီကမ်းခြေက ဟိုတယ်တွေကနေ ဝင်ငွေရရှိနေတဲ့ သံတွဲမြို့ကို စစ်ကောင်စီက အလွယ်တကူ ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ရှုမြင်ရပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ တောင်ပိုင်းကွာခြားမှု

++++++++++++++++++++++

အဲ့ဒီအပြင် ရခိုင်မြောက်ပိုင်းနဲ့ ရခိုင်တောင်ပိုင်းဟာ ဒေသန္တရအခြေအနေအရ ကွာခြားမှု အနည်းငယ်ရှိပါတယ်။

၂၀၁၈ နောက်ပိုင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီကြားက အပြန်အလှန် စစ်ပွဲတွေဟာ ရခိုင်မြောက်ပိုင်းမှာပဲ ဖြစ်ခဲ့တဲ့အတွက် ရခိုင်တောင်ပိုင်းဟာ စစ်ဘေးဒဏ် မခံရခဲ့ရပါဘူး။

အာရက္ခတပ်တော် AA ရဲ့ စိမ့်ဝင်ဖြန့်ကျက်နိုင်မှုဟာလည်း တောင်ပိုင်းမှာ အားနည်းတာကိုတွေ့ရပါတယ်။ AA အပေါ် ထောက်ခံမှုဟာ တောင်ပိုင်းဟာ မြောက်ပိုင်းလောက် မပြင်းထန်ပါဘူး။ မြေပြင်စစ်ရေးရင်းမြစ်တွေရဲ့ ပြောပြချက်အရ တောင်ပိုင်းကရွာတွေက AA ရွာကို ရောက်နေတာ စစ်ကောင်စီကို သတင်းမပေးသည့်တိုင် ရွာထဲကို လုံးဝအဝင်မခံဘူးလို့ သိရပါတယ်။ ရွာပြင်မှာပဲ စခန်းချခွင့်ပေးတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူဒေသခံအမျိုးသမီးတဦးက “ ကျမတို့အများစုဟာ သံတွဲသူ/သားတွေကို ရခိုင်စကား မပြောဘူးဆိုပြီး ခွဲခြားခဲ့ကြတာရှိတယ်။ ဒေသိယစကားတွေ ကွဲပြားပေမယ့် ရခိုင်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တောင်ပိုင်းကလူတွေဟာ ဗမာစိတ်ရှိသူတွေအဖြစ် ပုံဖော်ခဲ့ကြတယ်။ ဒီအခြေအနေတွေကြောင့် သံတွဲ၊ ဂွက လူတွေဟာလည်း ဟိုမကျဒီမကျဖြစ်ခဲ့ရတယ်။ အခု ဒါတွေကို ပြန်တည်ဆောက်နေတဲ့ ULA/ AA ဟာ သံတွဲမှာ စစ်ရေးအားသာချက်တွေ အများကြီးရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ သံတွဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို AA က အကုန်ဝိုင်းထားသလို မကြာခင်မှာ AA လက်ထဲကို ရောက်သွားမယ်လို့ ယူဆနိုင်ပါတယ်။ ခြုံပြောရမယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေအပြင် ရခိုင်ဆိုတဲ့ အမျိုးသားရေးလက္ခဏာနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်တည်ဆောက်ဖို့ သံတွဲဟာ AA အတွက် အရေးကြီးတယ်လို့ မြင်မိတယ်လို့ ဒေသတွင်းသတင်းဌာန DMG မှာ ပြောဆိုထားပါတယ်။

AA ဘက်ကလည်း မြို့သိမ်းတိုက်ပွဲတွေထဲမှာ သံတွဲမြို့သိမ်းတိုက်ပွဲရဲ့ စစ်ရေးအခြေအနေဟာ အပြင်းထန်ဆုံးနဲ့ ခက်ခဲတဲ့မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း AA က ဇူလိုင် ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

နာမည်ကျော်ငပလီက ဟိုတယ်များ

+++++++++++++++++++

သံတွဲမြို့နယ်၊ ငပလီကမ်းခြေကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီနဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေဟာ AA ရဲ့ ထိန်းချုပ်မှု အောက်ကို အပြည့်အ၀ ရောက်ရှိသွားပြီလို့ ယူဆရာပါတယ်။

ရခိုင်ပြည် သံတွဲမြို့နယ်မှာရှိတဲ့ နာမည်ကျော် ငပလီကမ်းခြေမှာ ကြယ်သုံးပွင့်ကနေ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ခရိုနီသူဌေးများဖြစ်ကြတဲ့ ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်တို့ရဲ့ ဟိုတယ်တွေလည်း ငပလီကမ်းခြေမှာ ရှိပါတယ်။

အဲ့ဒီထဲက ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်တဲ့ ကြယ်လေးပွင့် Amazing ဟိုတယ်လည်း ရှိပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှရဲ့ တပည့်တဦးဖြစ်ပြီး ဒေါ်ကြူကြူလှကို “ မေမေလှ” လို့ ခေါ်ဆိုတဲ့အထိ စစ်ခေါင်းဆောင်မိသားစုနဲ့ အလွန်နီးကပ်သူဖြစ်ပါတယ်။ ဦးအောင်မျိုးမင်းဒင်ဟာ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

ငပလီကမ်းခြေမှာ ကမ္ဘာကျော်ဟီလ်တန် (Hilton) ဟိုတယ်လုပ်ငန်းရဲ့ ကြယ် ၅ ပွင့် ဟီလ်တန်ငပလီဟိုတယ်လည်း ရှိပါတယ်။

ရခိုင်ပြည်ဟာ သယံဇာတ ပေါကြွယ်တဲ့ နေရာဖြစ်ပေမယ့် အဲ့ဒီသယံဇာတတွေကရတဲ့ အကျိုးအမြတ်တွေကိုတော့ ရခိုင်ပြည်သူပြည်သားတွေ မခံစားရပါဘူး အာရက္ခတပ်တော် AA ရဲ့ အောင်မြင်မှုတွေနဲ့အတူ ရခိုင်ပြည်သူတွေ အမြန်ဆုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ပြီး အကျိုးအမြတ် ခံစားဖို့ မျှော်လင့်မိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 14 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 17 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 13 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 16 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 28 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်