နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ အိန္ဒိယတို့က စစ်အုပ်စုရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ JFM ထုတ်ပြန်

နိုဝင်ဘာလ (၂၉)ရက်။

တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ စစ်အုပ်စုရဲ့ ရာဇဝတ်မိတ်ဖက်နိုင်ငံတွေလို့ Justice for Myanmar(JFM)က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။

အဲ့ဒီနိုင်ငံတွေဟာ မြန်မာစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး စောင့်ကြည့်လေ့လာသူတွေကို စေလွှတ်နိုင်ဖို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အဲ့ဒီနိုင်ငံတွေထဲ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ စစ်အုပ်စုကို စစ်လက်နက် ရောင်းချထောက်ပံ့နေတဲ့ ထိပ်ဆုံး (၃)နိုင်ငံဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါတွေလို့ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် စစ်လက်နက်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ AVIC ဟာ စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေမှာ အသုံးပြုတဲ့ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေကို ရောင်းချပေးထားတယ်လို့ ဖော်ပြထားပါတယ်။

‌နောက်ပြီး ရုရှားနိုင်ငံပိုင် Rostec ဟာ မြန်မာစစ်တပ်က စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ရောင်းချပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိန္ဒိယအစိုးရရဲ့ တစိတ်တပိုင်းပိုင်ကုမ္ပဏီဖြစ်တဲ့ Bharat Electronic Limited ဟာ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကူညီပေးတဲ့ ရေတပ်ဆိုင်ရာ စက်ပစ္စည်းကိရိယာတွေကို ရောင်းချပေးထားတယ်လို့လဲ ‌ဆိုပါတယ်။

အဲ့ဒီနိုင်ငံတွေထဲ ဘယ်လာရုစ်နိုင်ငံဟာ စစ်အုပ်စုစစ်သည်တွေကို သူတို့ရဲ့တက္ကသိုလ်တွေမှာ လေ့ကျင့်သင်ကြားပေးနေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်တာတွေအတွက် နည်းပညာတွေ တပ်ဆင်ကူညီပေးထားတယ်လို့ ရေးသားထားပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ ၂၀၂၁ခုနှစ်က စစ်တပ်အာဏာသိမ်းတာကို ရှုတ်ချဖို့နဲ့ နိုင်ငံထဲ စစ်လက်နက်တွေ စီးဝင်နေတာကို တားဆီးဖို့ အဖွဲ့ဝင်နိုင်ငံတွေ တောင်းဆိုထားတဲ့ ကုလညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးတဲ့ တခုထဲသောနိုင်ငံဖြစ်တယ်လို့လဲ ပြောဆိုထားပါသေးတယ်။

ဒါ့ကြောင့် အဲ့ဒီ (၄)နိုင်ငံက အစိုးရတွေဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးတာနဲ့ စစ်အုပ်စုထံ ငွေကြေးစီးဝင်တာကို ဆက်လက်ကူညီနေပြီး အကြမိးဖက်စစ်ဆင်ရေးတွေကို အသက်ဆက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ အစိုးရတွေနဲ့ ကုမ္ပဏီတွေကို သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံစေရမယ်လို့ JFM ရဲ့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 33 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်