နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့မှာ စစ်ကောင်စီ ခံစစ်ပြင်ဆင်

++ သံတွဲမြို့ရှိ အကျဉ်းထောင်က ဝန်ထမ်းတွေ ထွက်ပြေးနေတယ်လို့ ဆို ++

+++ အကျဉ်းထောင်က အကျဥ်းသားနဲ့ အချုပ်သားတွေကိုတော့ စစ်ရေးအခြေအနေကြောင့် လွှတ်ပေးနေရ +++

ဇူလိုင်လ (၁၃) ရက်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ငပလီအခြေစိုက်တပ်ရင်းများကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် စစ်ကောင်စီဟာ သံတွဲမြို့အတွင်းမှာ ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ သံတွဲတပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ (၅၆၆) ကို ဇွန်လ (၂၇) ရက်နေ့၊ သံတွဲလေဆိပ်ကို ဇူလိုင်လ (၅) ရက်၊ ခလရ (၅၅) ကို ဇူလိုင်လ (၉) ရက်တို့တွင် AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံတွဲမြို့ထဲနဲ့ အနီးဝန်းကျင်မှာ ကျန်ရှိနေသေးတဲ့အတွက် သံတွဲမြို့တစ်ခုလုံးအား သိမ်းပိုက်ရရှိရန် ဆက်လက် ထိုးစစ်ဆင်မယ်လို့ ဇူလိုင်လ (၁၁) ရက်နေ့မှာ AA က သတင်းထုတ်ပြန်ထားပါတယ်။

သံတွဲမြို့မကျရေးအတွက် အကျဉ်းထောင်နှင့် အထပ်မြင့်အဆောက်အုံများတွင် နေရာယူ၍ စစ်ကောင်စီက ခံစစ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေအရ သံတွဲမြို့ အကျဉ်းထောင်က အကျဉ်းဦးစီးဌာနဝန်ထမ်း ၇၀ လောက်ဟာ ထွက်ပြေးသွားပြီလို့ သိရပါတယ်။ ထောင်ပိုင်ကတော့ မပြေးဘဲ ကျန်နေခဲ့တယ်လို့ သိရပါတယ်။ အကျဉ်းထောင်ကအကျဥ်းသားနဲ့ အချုပ်သားတွေကိုတော့ စစ်ရေးအခြေ အနေကြောင့် လွှတ်ပေးနေရတယ်လို့လည်း သိရပါတယ်။

ခရီးသွားလုပ်ငန်းတွေနဲ့ ငပလီကမ်းခြေက ဟိုတယ်တွေကနေ ဝင်ငွေရရှိနေတဲ့ သံတွဲမြို့ကို စစ်ကောင်စီက အလွယ်တကူ ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ရှုမြင်ရပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ တောင်ပိုင်းကွာခြားမှု

++++++++++++++++++++++

အဲ့ဒီအပြင် ရခိုင်မြောက်ပိုင်းနဲ့ ရခိုင်တောင်ပိုင်းဟာ ဒေသန္တရအခြေအနေအရ ကွာခြားမှု အနည်းငယ်ရှိပါတယ်။

၂၀၁၈ နောက်ပိုင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီကြားက အပြန်အလှန် စစ်ပွဲတွေဟာ ရခိုင်မြောက်ပိုင်းမှာပဲ ဖြစ်ခဲ့တဲ့အတွက် ရခိုင်တောင်ပိုင်းဟာ စစ်ဘေးဒဏ် မခံရခဲ့ရပါဘူး။

အာရက္ခတပ်တော် AA ရဲ့ စိမ့်ဝင်ဖြန့်ကျက်နိုင်မှုဟာလည်း တောင်ပိုင်းမှာ အားနည်းတာကိုတွေ့ရပါတယ်။ AA အပေါ် ထောက်ခံမှုဟာ တောင်ပိုင်းဟာ မြောက်ပိုင်းလောက် မပြင်းထန်ပါဘူး။ မြေပြင်စစ်ရေးရင်းမြစ်တွေရဲ့ ပြောပြချက်အရ တောင်ပိုင်းကရွာတွေက AA ရွာကို ရောက်နေတာ စစ်ကောင်စီကို သတင်းမပေးသည့်တိုင် ရွာထဲကို လုံးဝအဝင်မခံဘူးလို့ သိရပါတယ်။ ရွာပြင်မှာပဲ စခန်းချခွင့်ပေးတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူဒေသခံအမျိုးသမီးတဦးက “ကျမတို့အများစုဟာ သံတွဲသူ/သားတွေကို ရခိုင်စကား မပြောဘူးဆိုပြီး ခွဲခြားခဲ့ကြတာရှိတယ်။ ဒေသိယစကားတွေ ကွဲပြားပေမယ့် ရခိုင်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တောင်ပိုင်းကလူတွေဟာ ဗမာစိတ်ရှိသူတွေအဖြစ် ပုံဖော်ခဲ့ကြတယ်။ ဒီအခြေအနေတွေကြောင့် သံတွဲ၊ ဂွက လူတွေဟာလည်း ဟိုမကျဒီမကျဖြစ်ခဲ့ရတယ်။ အခု ဒါတွေကို ပြန်တည်ဆောက်နေတဲ့ ULA/ AA ဟာ သံတွဲမှာ စစ်ရေးအားသာချက်တွေ အများကြီးရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ သံတွဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို AA က အကုန်ဝိုင်းထားသလို မကြာခင်မှာ AA လက်ထဲကို ရောက်သွားမယ်လို့ ယူဆနိုင်ပါတယ်။ ခြုံပြောရမယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေအပြင် ရခိုင်ဆိုတဲ့ အမျိုးသားရေးလက္ခဏာနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်တည်ဆောက်ဖို့ သံတွဲဟာ AA အတွက် အရေးကြီးတယ်လို့ မြင်မိတယ်လို့ ဒေသတွင်းသတင်းဌာန DMG မှာ ပြောဆိုထားပါတယ်။

AA ဘက်ကလည်း မြို့သိမ်းတိုက်ပွဲတွေထဲမှာ သံတွဲမြို့သိမ်းတိုက်ပွဲရဲ့ စစ်ရေးအခြေအနေဟာ အပြင်းထန်ဆုံးနဲ့ ခက်ခဲတဲ့မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း AA က ဇူလိုင် ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

နာမည်ကျော်ငပလီက ဟိုတယ်များ

+++++++++++++++++++

သံတွဲမြို့နယ်၊ ငပလီကမ်းခြေကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီနဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေဟာ AA ရဲ့ ထိန်းချုပ်မှု အောက်ကို အပြည့်အ၀ ရောက်ရှိသွားပြီလို့ ယူဆရာပါတယ်။

ရခိုင်ပြည် သံတွဲမြို့နယ်မှာရှိတဲ့ နာမည်ကျော် ငပလီကမ်းခြေမှာ ကြယ်သုံးပွင့်ကနေ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ခရိုနီသူဌေးများဖြစ်ကြတဲ့ ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်တို့ရဲ့ ဟိုတယ်တွေလည်း ငပလီကမ်းခြေမှာ ရှိပါတယ်။

အဲ့ဒီထဲက ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်တဲ့ ကြယ်လေးပွင့် Amazing ဟိုတယ်လည်း ရှိပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှရဲ့ တပည့်တဦးဖြစ်ပြီး ဒေါ်ကြူကြူလှကို “မေမေလှ” လို့ ခေါ်ဆိုတဲ့အထိ စစ်ခေါင်းဆောင်မိသားစုနဲ့ အလွန်နီးကပ်သူဖြစ်ပါတယ်။ ဦးအောင်မျိုးမင်းဒင်ဟာ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

ငပလီကမ်းခြေမှာ ကမ္ဘာကျော်ဟီလ်တန် (Hilton) ဟိုတယ်လုပ်ငန်းရဲ့ ကြယ် ၅ ပွင့် ဟီလ်တန်ငပလီဟိုတယ်လည်း ရှိပါတယ်။

ရခိုင်ပြည်ဟာ သယံဇာတ ပေါကြွယ်တဲ့ နေရာဖြစ်ပေမယ့် အဲ့ဒီသယံဇာတတွေကရတဲ့ အကျိုးအမြတ်တွေကိုတော့ ရခိုင်ပြည်သူပြည်သားတွေ မခံစားရပါဘူး အာရက္ခတပ်တော် AA ရဲ့ အောင်မြင်မှုတွေနဲ့အတူ ရခိုင်ပြည်သူတွေ အမြန်ဆုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ပြီး အကျိုးအမြတ် ခံစားဖို့ မျှော်လင့်မိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို