နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းတာဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

ဩဂုတ်လ (၁၃)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီကနေ ထွက်ပေါ်လာချက်တွေအရသိရပါတယ်။

“ အခုရက်ပိုင်းထဲ မင်းအောင်လှိုင်ကို လုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းမှုဆန်ဆန် ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုထပ်ဆင့်အာဏာသိမ်းဖို့ကို ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ခိုင်းစေတာကြောင့်ဆိုပြီး သိရတာပါ” လို့ နေပြည်တော်နဲ့နီးစပ်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ဆို‌ပါတယ်။

ထပ်ဆင့်အာဏာသိမ်းတာကို ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ခိုင်းစေတာကြောင့်လို့ သိရပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီးကပ် စစ်ဘက်လက်ထောက်ဗိုလ်ချုပ်ဖြစ်သူက ကြံစည်တာဖြစ်တယ်လို့ တပ်ချုပ်ရုံးထဲက သတင်းရရှိတာကို ကိုးကားပြီး သူက ရေးသားထားပါတယ်။

ထပ်ဆင့်အာဏာသိမ်းဖို့ ကြံစည်တာကို မင်းအောင်လှိုင်ရဲ့ ဘက်တော်သားတွေဘက်က သတင်းလက်ဦးမှုရရှိခဲ့တဲ့အတွက် မအောင်မြင်ခဲ့သလို ကြံစည်သူတွေကို ဖော်ထုတ်စစ်ဆေးအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို မင်းအောင်လှိုင်ကိုလုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့သူတွေရဲ့ နာမည်ကိုတော့ CDM ဗိုလ်ကြီး ဇင်ယော်က ထည့်သွင်းပြောဆိုထားတာမရှိဘဲ စစ်ရှုံးမင်းအောင်လှိုင်အနေနဲ့ အခုလိုကြံစည်ခံရတာတွေ ရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုထားကြပါတယ်။

“ အခုအခြေအနေအရ မင်းအောင်လှိုင်ကို သူ့ရဲ့တပ်ထဲမှာ မကျေနပ်တဲ့သူတွေလဲ ရှိနေတာပါ။ သူစီမံခန့်ခွဲတာ ညံ့ဖျင်းလို့ အခုဆို တိုင်းစစ်ဌာနချုပ်တောင် ကျသွားရတာက မျက်မြင်ပဲလေ။ သူတို့တပ်ထောက်ခံသူအချင်းချင်းကြားမှာလဲ မင်းအောင်လှိုင်ကို နေရာကနေဖယ်ဖို့အထိ ပြောနေကြတာဆိုတော့ ဒီလိုကိစ္စမျိူးက သူ့အတွက် ကြုံတွေ့ရနိုင်တာပဲ၊ အခုလို အာဏာထပ်သိမ်းတာပဲဖြစ်ဖြစ် အာဏာရှင်စရိုက်က ပျောက်မှာမဟုတ်တော့ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ကိုပဲ အဓိကထား တိုက်ရမှာ” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်နေတာကို ခေတ်မျက်လုံးသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အခုရက်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က တွေ့ဆုံဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပြောဆိုထားတာတွေရှိပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါ။

အခုအခါ မြန်မာနိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က မကြုံဖူးတဲ့ စစ်ရေးရှုံးနိမ့်တာတွေနဲ့ ရင်ဆိုင်နေရကာ တော်လှန်ရေးအင်အားစုတွေဘက်က မြို့နယ်ပေါင်း (၇၅)မြို့အထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး မင်းအောင်လှိုင် ပြိုလဲတော့မယ်လို့ NUG ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 37 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 31 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 26 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 26 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 24 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 36 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က