နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းတာဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

ဩဂုတ်လ (၁၃)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီကနေ ထွက်ပေါ်လာချက်တွေအရသိရပါတယ်။

“အခုရက်ပိုင်းထဲ မင်းအောင်လှိုင်ကို လုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းမှုဆန်ဆန် ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုထပ်ဆင့်အာဏာသိမ်းဖို့ကို ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ခိုင်းစေတာကြောင့်ဆိုပြီး သိရတာပါ”လို့ နေပြည်တော်နဲ့နီးစပ်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ဆို‌ပါတယ်။

ထပ်ဆင့်အာဏာသိမ်းတာကို ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ခိုင်းစေတာကြောင့်လို့ သိရပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီးကပ် စစ်ဘက်လက်ထောက်ဗိုလ်ချုပ်ဖြစ်သူက ကြံစည်တာဖြစ်တယ်လို့ တပ်ချုပ်ရုံးထဲက သတင်းရရှိတာကို ကိုးကားပြီး သူက ရေးသားထားပါတယ်။

ထပ်ဆင့်အာဏာသိမ်းဖို့ ကြံစည်တာကို မင်းအောင်လှိုင်ရဲ့ ဘက်တော်သားတွေဘက်က သတင်းလက်ဦးမှုရရှိခဲ့တဲ့အတွက် မအောင်မြင်ခဲ့သလို ကြံစည်သူတွေကို ဖော်ထုတ်စစ်ဆေးအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို မင်းအောင်လှိုင်ကိုလုပ်ကြံပြီး ထပ်ဆင့်အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့သူတွေရဲ့ နာမည်ကိုတော့ CDM ဗိုလ်ကြီး ဇင်ယော်က ထည့်သွင်းပြောဆိုထားတာမရှိဘဲ စစ်ရှုံးမင်းအောင်လှိုင်အနေနဲ့ အခုလိုကြံစည်ခံရတာတွေ ရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုထားကြပါတယ်။

“အခုအခြေအနေအရ မင်းအောင်လှိုင်ကို သူ့ရဲ့တပ်ထဲမှာ မကျေနပ်တဲ့သူတွေလဲ ရှိနေတာပါ။ သူစီမံခန့်ခွဲတာ ညံ့ဖျင်းလို့ အခုဆို တိုင်းစစ်ဌာနချုပ်တောင် ကျသွားရတာက မျက်မြင်ပဲလေ။ သူတို့တပ်ထောက်ခံသူအချင်းချင်းကြားမှာလဲ မင်းအောင်လှိုင်ကို နေရာကနေဖယ်ဖို့အထိ ပြောနေကြတာဆိုတော့ ဒီလိုကိစ္စမျိူးက သူ့အတွက် ကြုံတွေ့ရနိုင်တာပဲ၊ အခုလို အာဏာထပ်သိမ်းတာပဲဖြစ်ဖြစ် အာဏာရှင်စရိုက်က ပျောက်မှာမဟုတ်တော့ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ကိုပဲ အဓိကထား တိုက်ရမှာ”လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်နေတာကို ခေတ်မျက်လုံးသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အခုရက်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က တွေ့ဆုံဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပြောဆိုထားတာတွေရှိပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါ။

အခုအခါ မြန်မာနိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က မကြုံဖူးတဲ့ စစ်ရေးရှုံးနိမ့်တာတွေနဲ့ ရင်ဆိုင်နေရကာ တော်လှန်ရေးအင်အားစုတွေဘက်က မြို့နယ်ပေါင်း (၇၅)မြို့အထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး မင်းအောင်လှိုင် ပြိုလဲတော့မယ်လို့ NUG ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 64 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို