နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ပလက်ဝ “ ခန်ခတောင်ဗျူဟာစခန်း” နှင့် “မီးဝဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော် ဆက်လက်သိမ်းပိုက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်၊ ခေတ်မျက်လုံး။

ရက္ခိုင့်တပ်တော် ( AA) က ပလက်ဝဒေသက “ ခန်ခတောင်ဗျူဟာစခန်း” နဲ့ ပလက်ဝ-ကျောက်တော် အစပ်မှာရှိတဲ့ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ဇန်နဝါရီလ (၁၃) ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီရဲ့ လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်တဲ့ “ ခန်ခတောင်ဗျူဟာစခန်း” ကို ရက္ခိုင့်တပ်‌တော် (AA) မှ အပြီးသတ်ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီလောက်မှာ ပလက်ဝ-ကျောက်တော် အစပ်မှာရှိတဲ့ “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 30 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 38 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်က လွန်စွာ စက်ဆုတ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်သာမက ရခိုင်ဒေသမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနာ (၁၀)ဦးခန့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 41 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၉)နာရီ (၁၃)မိနစ်လောက်မှာ မြောက်ဦးမြို့
၁၁၁၃ ရခိုင်စစ်ပွဲ

နတ်ရေကန်ဗျူဟာကုန်းအပါအဝင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးရမိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 81 Views
နိုဝင်ဘာလ (၁၂)ရက်။ နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကို AA
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 107 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ ဆားနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပဲခူးရှိ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 126 Views
အောက်တိုဘာလ (၁၆)ရက်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပန်းကန်ကွဲရွာအနီးက စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းဟာ ပန်းကန်ကွဲရွာရဲ့ တောင်ဘက် (၉)ကီလိုမီတာအကွာမှာရှိပြီး ‌AA က
၁၁၁၃ ရခိုင်စစ်ပွဲ

ပသုံးလုံးက ပြည်သူကို ဓားနဲ့ပိုင်း၊

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 350 Views
တီမောက NUG ကို ကျောခိုင်း၊  AA က ARSA ကို အနိုင်ပိုင်း အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း(၁၃) ဒီတနင်္ဂနွေအပတ်စဥ်နိုင်ငံရေးဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကြောင်းအရာတွေကတော့ ၁။ ယင်းမာပင်ခရိုင် ဆားခါးကျေးရွာက ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက်ကို ပကဖနဲ့ ပအဖ