ဧပြီလ (၁၄) ရက်။
CNO/CNDF ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ BPLA အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးတို့ အာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့အတွက် CNO/CNDF ပါဝင်တဲ့ “ချင်းညီနောင်” နဲ့ အတူတကွ ပူးပေါင်းတို၊က်ပွဲဝင်သွားမယ်လို့ ဧပြီလ (၁၃) ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်သူတွေရဲ့ အမျိုးသားရေးရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရှိတဲ့ ချင်းပြည်တည်ထောင်ရေးမှာ နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီညီ အကောင်ထည်ဖော်နေတဲ့ CNO/CNDF ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း လေးစားဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။
ဧပြီလ (၁၃) ရက်နေ့ အစောပိုင်းမှာ အွန်လိုင်းကတဆင့် ပြုလုပ်တဲ့ CNO/CNDF ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားမှာ “ချင်းညီနောင်” အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။