နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်

1027 Operations

1027 Operations

လားရှိုးမြို့အနီး စစ်ကောင်စီရဲ့ ခမရ(၅၀၇)အနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

ဇူလိုင်လ (၁၄)ရက်။

မနေ့က ည(၉)နာရီခွဲအချိန်ကစပြီး လားရှိုးမြို့အနီးက စစ်ကောင်စီရဲ့ ခမရ(၅၀၇)အနီးတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ မနေ့ညက ခမရ(၅၀၇)အနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်၊ အခုမနက် အစောပိုင်းကလဲ လက်နက်ကြီးတွေ လေကြောင်းတွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်” လို့ စစ်ရေးစောင့်ကြည့်သူတစ်ဦးက ဆိုပါတယ်။

ခမရ(၅၀၇)အနီး တိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီကနေ့ နံနက်ပိုင်း (၅)နာရီအချိန်မှာလဲ တိုက်ပွဲတွေ ပြင်းထန်နေကာ လက်နက်ကြီးတွေအပါအ၀င် လေကြောင်းနဲ့ ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

“ ခမရ(၅၀၇)နဲ့ ခလရ(၄၁)နေရာတွေမှာ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်၊ လားရှိုးတောင်ကုန်းအမြင့်နေရာကနေလဲ စကစအမြှောက်တပ်က လက်နက်ကြီးတွေနဲ့ ခပ်စိတ်စိတ်ပစ်တာတွေရှိတယ်” လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့က ညပိုင်းကလဲ သိန်းနီနဲ့ မိုးကုတ်မြို့အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ နံနက် (၃)နာရီခန့်က ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ (၂)ကြိမ်တိုက်ခိုက်ခဲ့ကာ ထိခိုက်သေဆုံးတာကို စုံစမ်းနေဆဲပါ။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်ဟာ အချိန်မရွေး လေကြောင်းနဲ့ ရမ်းသန်းပစ်ခတ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိရှိစွာနေထိုင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 63 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations

“ ဝ” အနေနဲ့ ဘယ်လိုလက်နက်နဲ့ ကိရိယာကိုမှ ပံ့ပိုးတော့မှာမဟုတ်ဘူးဆိုပြီး MNDAA၊ TNLA၊ SSPP တို့နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 175 Views
ဩဂုတ်လ (၂၁)ရက်။ UWSA အနေနဲ့ MNDAA၊ TNLA နဲ့ SSPP စတဲ့ လက်နက်ကိုင်(၃)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ပန်ဆန်းမြို့မှာ
1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 1.11K Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတလတာထဲ
1027 Operations

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 1.09K Views
ဩဂုတ်လ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မိုးကုတ်မြို့အနောက်ပိုင်း လူနေရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မိုးကုတ်မြို့အနောက်ပိုင်း ဦးရွှေမောင်းဆိုင်ရှေ့ လမ်းပေါ်ကို လေကြောင်းကနေ ဗုံး(၂)လုံး ကြဲချသွားတာ။
1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 1.02K Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလပိုင်းကစပြီး အခုလလယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲနဲ့ အနီးရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့
1027 Operations

နောင်ချိုမြို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်လော်ဘီတွေပြောနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 1.05K Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်တပ်‌ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။ နောင်ချိုမြို့ တမြို့လုံးနီးပါးအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဆိုတာကို စစ်လော်ဘီချန်နယ်တွေက သတင်းဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားကြပါတယ်။ “
1027 Operations

မိုးကုတ်မြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်၊ ကလေးငယ် (၂)ဦးအပါအဝင် (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 1.04K Views
ဇူလိုင်လ (၁၄)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန် မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 1.07K Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာက နောင်ချိုမြို့ရှိ