နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

နိုဝင်ဘာလ (၁၄)ရက်။

မနေ့က နေ့လယ် (၁)နာရီခွဲခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စုရဲ့ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး သန်းအောင်ကို ပစ်ခတ်ရှင်းခင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အုပ်ချုပ်ရေးမှူး သန်းအောင်က စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့စုဆောင်းတာနဲ့ ပေါ်တာ‌ဆွဲတာတွေမှာ အားတက်သရော ပါဝင်လုပ်ပေးနေတာ။ ပြီးတော့ စစ်မှုမထမ်းချင်ရင် လူစားထည့်ပေးမယ်ဆိုပြီး တစ်အိမ်ကို (၃၀၀၀၀)ကနေ (၅၀၀၀၀)အထိ ကောက်နေတာ” လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး သန်းအောင်ဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာနဲ့ ပေါ်တာဆွဲတာတွေမှာ လုပ်ဆောင်ပေးတာနဲ့ စစ်မှုမထမ်းချင်သူတွေကို လူစားထိုးပေးတဲ့အနေနဲ့ တစ်အိမ်ကို (၃၀၀၀၀)ကနေ (၅၀၀၀၀)အထိ ကောက်ပြီး စစ်ကောင်စီကို ‌ငွေကြေးထောက်ပံ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန်းအောင်ကို သူ့ရဲ့နေအိမ်မှာ PPDF (၃၆၀၁)တပ်ရင်း တပ်ခွဲ(၃)ကဦးဆောင်ပြီး ပေါက်ခေါင်းပကဖတို့က ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

သူဟာ တော်လှန်ရေး ထောက်ပို့‌ရဲဘော်တွေရဲ့ သတင်းကို လိုက်လံစုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးပို့နေတာတို့ကြောင့် အခုလို ပြတ်သားစွာ အရေးယူရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအရှိန်မြှင့်တင်လာတာနဲ့အတူ အခွင့်အခါသင့်ပါက စစ်ကောင်စီဒေါက်တိုင်တွေကို ပြတ်သားစွာ အရေးယူနေတာကြောင့် ပြည်သူတွေအနေနဲ့ သူတို့ရှိတဲ့နေရာတွေကို ရှောင်တိမ်းသွားလာပြီး သတင်းပေးတာမလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 82 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 20 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 36 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊