နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတွေထဲ သမ္မတကစပြီး ထင်ရှားကျော်ကြားသူတွေပါဝင်တယ်လို့ စစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၄)ရက်။

စီးပွားရေးတက္ကသိုလ်ဘွဲ့ရသူတွေထဲ သမ္မတကစပြီး ဝန်ကြီးတွေအပါအဝင် နိုင်ငံရဲ့ အဆင့်မြင့်တာဝန်အသီးသီးမှာ ထမ်းဆောင်နေသူတွေပါဝင်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၆၀)ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာ ထင်ရှားကျော်ကြားသူတွေအနေနဲ့ ပါဝင်နေတာကိုလဲ တွေ့ရတယ်လို့ ဆိုပါတယ်။

MBF ဘွဲ့ရတွေဟာ ဗဟိုဘဏ်၊ အစိုးရနဲ့ ပုဂ္ဂလိကဘဏ်တွေ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့တွေမှာ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲသူတွေအနေနဲ့ အဆင့်မြင့်ရာထူးတွေမှာ တာဝန်ယူနေကြတယ်လို့ ပြောဆိုထားပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၁၉၆၄ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ နှစ်(၆၀)ကာလထဲ ပါရဂူဘွဲ့ရသူ (၁၁၀)ဦး၊ မဟာဘွဲ့ရသူ (၇၅၈၇)ဦး၊ ရိုးရိုးဘွဲ့ရသူ (၆၁၈၅၀)ဦး၊ ဂုဏ်ထူးဘွဲ့ရသူ (၁၂၁၇)ဦးနဲ့ ဘွဲ့လွန်ဒီပလိုမာရသူ (၇၇၀၈)ဦးရှိတယ်လို့ သိရပါတယ်။

နောက်ပြီး စီးပွားရေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်တဲ့ MBA ဘွဲ့ရတွေအနေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲမှုပိုင်းမှာ အဆသ့်မြင့်အရာထမ်းတွေအနေနဲ့ လုပ်ကိုင်နေကြတယ်လို့ ပြောဆိုထားပါသေးတယ်။

စစ်တပ်အာဏာမသိမ်းခင်ကာလတွေမှာ စနစ်အပြောင်းအလဲတွေနဲ့ ပညာရေးကဏ္ဍ တိုးတက်ပြောင်းလဲတာတွေရှိခဲ့ပေမယ့် စစ်တပ်က နိုင်ငံ့အာဏာကို မတရားလုယူခဲ့တဲ့အချိန်မှာတော့ ယိုယွင်းပျက်စီးလာတဲ့ ကဏ္ဍတွေထဲ ပညာရေးကဏ္ဍလဲ ပါဝင်ပါတယ်။

စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းတာကြောင့် နိုင်ငံထဲက လူငယ်တွေဟာ ပညာရေးထက် အာဏာရှင်စနစ်ကို တော်လှန်ဖို့အပါအဝင် လူမှုဘဝအတွက် ကြိုးစားရုန်းကန်နေရပြီး ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူတွေ များပြားလာခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 27 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 40 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 42 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး
မြန်မာသတင်း

ဖရူဆိုမှာ ရှေ့တန်းပိုခံရတဲ့ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 35 Views
နိုဝင်ဘာလ (၂၂)ရက်။ ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက နိုဝင်ဘာလ (၇)ရက်နေ့မှာ ဖရူဆိုမြို
မြန်မာသတင်း

မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်အောက်လွှတ်တော်အမတ်တွေက ကြားနာပွဲတရပ် ကျင်းပတဲ့အပေါ် ကြိုဆိုတယ်လို CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 44 Views
နိုဝင်ဘာလ (၂၂)ရက်။ မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ကြားနာပွဲတရပ်ကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျင်းပခဲ့တဲ့အပေါ် ကြိုဆိုတယ်လို CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲဟာ နိုဝင်ဘာလဆန်းပိုင်းက CRPH နဲ့ အမေရိကန် အထက်လွှတ်တော်နဲ့
မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 27 Views
နိုဝင်ဘာလ (၂၂)ရက်။ တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။ “ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့
မြန်မာသတင်း

ချောက်မှာ နိုင်/ကျဉ်းတွေပါတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး နိုင်/ကျဉ်းတစ်ဦးကို PDF ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 23 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၇)နာရီအချိန်က ချောက်မြိုရှိ အမှတ်(၃) ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်တပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို PDF-Chauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခယာဉ်တန်းက နိုင်ငံရေးအကျဉ်းသား (၅)ဦးကို
မြန်မာသတင်း

ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူတိုမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 21 Views
နိုဝင်ဘာလ (၂၁)ရက်။ ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တိုရဲ့ မြိုနယ်(၃)ခုအစပ်နေရာတွေကို စစ်တပ်က အင်အား (၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီမြို (၃)ခုအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အင်အား (၃၀၀)ဝန်းကျင်လောက်က