နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒီအပတ် စနေ/တနင်္ဂနွေ နိုင်ငံတကာ သတင်း အချက်အလက် အကျဉ်းချုပ်

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၃ရက်

အမေရိကန် (USA)

အမေရိကန်-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်။ သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် တစ်ရပ်ကို တင်သွင်းခဲ့ပြီး ယူကရိန်းဘက်က လက်ခံရန် ဖိအားပေးနေပါတယ်။ ဒီအစီအစဉ် ဟာ ရုရှားဘက်ကို အားသာစေပြီး ယူကရိန်းကို နယ်မြေအချို့ (ဥပမာ- ဒွန်ဘက်စ်ဒေသနှင့် ခရိုင်းမီးယား) လက်လွှတ်ရစေမယ့်အပြင်၊ နေတိုး (NATO) အဖွဲ့ဝင်ခြင်းကိုပါ ပိတ်ပင် စေနိုင် တာကြောင့် ယူကရိန်းနှင့် ဥရောပ မဟာမိတ်များက ပြန်လည်ပြင်ဆင်ရန် တောင်းဆို နေကြ ပါတယ်။

ရာထူးမှ နုတ်ထွက်ခြင်းနှင့် အမှုကိစ္စများ။ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် မာဂျိုရီ တေလာ ဂရင်း (Marjorie Taylor Greene) သည် ရုတ်တရက် ရာထူးမှ နုတ်ထွက် မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဘရာဇီး သမ္မတဟောင်းကို ဖမ်းဆီး။ ဘရာဇီးလ် သမ္မတဟောင်း ဂျဲရ် ဘော်ဆိုနာရို (Jair Bolsonaro) ကို ထွက်ပြေးရန် ကြံစည်မှု သံသယဖြင့် ဖမ်းဆီးခဲ့ပါတယ်။

ယူကရိန်း-ရုရှား စစ်ပွဲ

အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ် ဖိအား။ အထက်ပါအတိုင်း သမ္မတ ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ် (ယူကရိန်း နယ်မြေအချို့ကို ရုရှားအားပေးအပ်ရန်နှင့် စစ်အင်အားလျှော့ချရန်) ကို ယူကရိန်းအား လက်ခံရန် အမေရိကန်က တွန်းအားပေး နေပါတယ်။

မဟာမိတ်များ၏ တုံ့ပြန်မှု။ ဂျီ-၂၀ (G20) အစည်းအဝေးတွင် အမေရိကန်၏ မဟာမိတ်များ (ယူကရိန်း၊ ဥရောပ၊ ကနေဒါ၊ ဂျပန်) တို့က အဆိုပါ အစီအစဉ်သည် ရုရှားကို အကျိုးပြုနေပြီး အတင်းအကျပ် နယ်နမိတ်ပြောင်းလဲမှုကို လက်မခံနိုင်ကြောင်း ဖိအားပေး တွန်းအားပေးကာ “အဆိုပြုချက်ကို နောက်ထပ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်” ဟု ပြောကြားခဲ့ကြပါတယ်။

ညှိနှိုင်းမှု။ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့သည် ဆွစ်ဇာလန်၊ ဂျီနီဗာ (Geneva) တွင် တနင်္ဂနွေနေ့၌ တွေ့ဆုံကာ အဆိုပါ ငြိမ်းချမ်းရေး အစီအစဉ်ကို ဆွေးနွေးကြမည် ဖြစ်ပါတယ်။

တရုတ်နှင့် ဂျပန် မကြာသေးမီက အငြင်းပွားမှုများ

တိုင်ဝမ် ကိစ္စ စကားလုံး အငြင်းပွားမှု။ ဂျပန် ဝန်ကြီးချုပ် ဆာနာအဲ တာကအိချိ (Sanae Takaichi) က တိုင်ဝမ်ကို တရုတ်က စစ်ရေးဖြင့် တိုက်ခိုက်ပါက ဂျပန်၏ “ရှင်သန် တည်ရှိမှုကို ခြိမ်းခြောက်သည့် အခြေအနေ” ဖြစ်လာနိုင်ပြီး ဂျပန် ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအရ ပါဝင်လာနိုင်ကြောင်း လွှတ်တော်၌ ပြောဆိုခဲ့ခြင်းကြောင့် တင်းမာမှုများ မြင့်တက် လာခဲ့သည်။

တရုတ်၏ တုံ့ပြန်မှု။ တရုတ်နိုင်ငံက ဂျပန်၏ “သံအမတ်ကြီး (Japan’s Ambassador) ကို ဆင့်ခေါ် ကန့်ကွက်ခဲ့ပြီး၊ နိုင်ငံသားများအား ဂျပန်ခရီးသွားလာမှု ရှောင်ရှားရန် အကြံပေး ခဲ့သည့်အပြင်၊ ဂျပန် ရေထွက်ပစ္စည်း တင်သွင်းမှုကိုပါ ရပ်ဆိုင်းရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှု။ တရုတ်နှင့် တောင်ကိုရီးယား ပါဝင်သည့် သုံးနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးများ အစည်းအဝေးကို တရုတ်ဘက်က ရွှေ့ဆိုင်းခဲ့ပြီး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များနှင့် အနုပညာရှင်များ၏ ဖျော်ဖြေပွဲများလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။

နယ်မြေပိုင်နက် ကျူးကျော်မှု။ စနေနေ့က တရုတ် ကမ်းခြေစောင့်တပ်သင်္ဘောများသည် အငြင်းပွားနေသည့် ဆန်ကာကု (Senkaku) ကျွန်းများ (တရုတ်က ဒိုင်အိုယူဟု ခေါ်သည်) ဝန်းကျင်ရှိ ဂျပန်ပိုင်နက်ရေပိုင်နက်ထဲသို့ နာရီပေါင်းများစွာ ဝင်ရောက်ခဲ့သည်။

အခြားစိတ်ဝင်စားဖွယ် သတင်းများ

ရာသီဥတု ဆွေးနွေးပွဲ (COP30)။ ဘရာဇီးလ်နိုင်ငံတွင် ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ (COP30) သည် ရာသီဥတု ပြောင်းလဲမှုကြောင့် အဆိုးဆုံး ခံစားရသည့် ဆင်းရဲသောနိုင်ငံများအတွက် ရန်ပုံငွေ တိုးမြှင့်ပေးရန် သဘောတူညီချက် ရရှိခဲ့သော်လည်း၊ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ (Fossil Fuels) များကို အဆင့်လိုက် ရပ်ဆိုင်းရန် တိကျသော လမ်းပြမြေပုံ မပါဝင်ခဲ့ပါ။

နိုင်ဂျီးရီးယား ကျောင်းသားများ ပြန်ပေးဆွဲခံရမှု။ နိုင်ဂျီးရီးယားနိုင်ငံတွင် သေနတ်သမား များက ကျောင်းသူကျောင်းသား ၃၀၀ ကျော် ကို အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲ သွားခဲ့ပါတယ်။ “ဒီနိုင်ဂျီးရီးယား ကျောင်းသား ၃၀၀ ကျော် ပြန်ပေးဆွဲခံရမှု” ဆိုတဲ့ သတင်းဟာ သောကြာနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်၊ မနက်ပိုင်း အစောပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမြောက်ပိုင်းရှိ နိုင်ဂျာ (Niger) ပြည်နယ်၊ ပါပီရီ (Papiri) ဒေသ၊ စိန့်မေရီ (St. Mary’s) ကျောင်း (ကက်သလစ်ကျောင်း)မှ ကျောင်းသားများကို သေနတ်သမားများကဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ကျောင်းသား ၃၀၃ ဦး နှင့်ဆရာ၁၂ ဦး စုစုပေါင်း ၃၁၅ ဦးအား လက်နက်ကိုင်များက ပြန်ပေးဆွဲ သွားခဲ့ ပါတယ်။

ဒီလိုမျိုး ကျောင်းသားအများအပြား ပြန်ပေးဆွဲခံရတာဟာ တစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး၊ နိုင်ဂျီးရီးယားနိုင်ငံရဲ့ လုံခြုံရေး အခြေအနေကို ပိုပြီး စိုးရိမ်မကင်း ဖြစ်စေခဲ့ပါတယ်။

ထရန့်နှင့်ဇလန်းစကီး (ပုံ)

ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် မာဂျိုရီ တေလာ ဂရင်း (Marjorie Taylor Greene) (ပုံ)

နိုင်ဂျီးရီးယား ကျောင်းသားများ ပြန်ပေးဆွဲခံရမှု (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက