vဧပြီလ (၁၅)ရက်။
ဒီကနေ့မှာ စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦး အလင်း၀င်လာခဲ့တယ်လို့ CDF-KKG ထံ အလင်း၀င်လာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကလေးဝမြို့နယ်က ဒုရဲအုပ်တစ်ဦးဟာ BA 94 လက်နက် အမျိုးစား (၁)လက်၊ ကျည်ဘောက် (၂)ဘောက်၊ ကျည်ဆံ အတောင့် (၂၀၀)နဲ့ ခြောက်လုံးပြူး (၁)လက်အပြင် ကျည်(၁၂)တောင့်နဲ့အတူ အလင်း၀င်ခဲ့တာလို့ ဆိုပါတယ်။
CDF-KKG ထံကို အလင်း၀င်လာခဲ့တဲ့ ဒုရဲအုပ်ရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါ။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာတဲ့ ဒုရဲအုပ်ကို ဆုကြေးငွေအနေနဲ့ ကျပ်သိန်း (၅၀)ဆု ချီးမြင့်ခဲ့ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။