နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဖျက်ဆီးခဲ့သမျှကို ပူတင် ပြန်ပေးဆပ်ရမယ်လို့ ဘီလင်ကန်သတိပေး


လွှတ်တော်ထဲမှာ ကာလကြာရှည်နှောင့်နှေးခဲ့ရတဲ့ ဒေါ်လာ 61 ဘီလီယံအကူအညီကိုအတည်ပြုပြီးတဲ့နောက် အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်ဟာ ယူကရိန်းနိုင်ငံကိယက်မြို့မှာ ယူကရိန်းသမ္မတဇယ်လင်စကီးနဲ့တွေ့ဆုံခဲ့ပါတယ်။


အဲဒီလိုတွေ့ဆုံမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘီလင်ကန်က ထောက်ပံ့ရေးအစီအစဉ်တွေ လွှတ်တော်ထဲမှာ နှောင့်နှေးနေခဲ့တာဟာ ရုရှားရဲ့ တိုက်ခိုက်မှုကို ယူကရိန်းဘက်က ပိုပြီးခံနိုင်ရည်ရှိသွားခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ပြီး ကူညီထောက်ပံ့ရေးတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။


“ အခုချိန်ဟာ ယူကရိန်းအတွက် စိန်ခေါ်မှုတစ်ခုဆိုတာ ကျတော်တို့သိပါတယ်။ ဒါပေမယ့် မဝေးတော့တဲ့ကာလတစ်ခုမှာ အကူအညီတွေလာတော့မှာပါ၊ တချို့လည်း လာနေပါပြီ။ အဲဒီအကူအညီတွေက ရုရှားရဲ့ ကျူးကျော်ရန်လိုမှုကို စစ်မြေပြင်မှာ ဆန့်ကျင်တဲ့ ခြားနားမှုတစ်ခုဖြစ်လာပါလိမ့်မယ်” လို့ ဘီလင်ကန်က ပြောသွားခဲ့တာပါ။


အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာ ယူကရိန်းကို အကူအညီပေးရေးအစီအစဉ်အတွက် ရီပက်ဘလီကန်အမတ်တွေက နောက်ဆုံးမဲပေးတဲ့အချိန်အထိ ကန့်ကွက်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ပါတီနှစ်ခုရဲ့ ထောက်ခံမဲအများစုနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အကူအညီတွေနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇယ်လင်စကီးက နိုင်ငံရဲ့အရှေ့ခြမ်းမှာ ရုရှားတွေ ထပ်မံတိုက်ခိုက်ခြိမ်းခြောက်လာတာကြောင့် အခုအကူအညီတွေကို အထူးကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “


“ ယူကရိန်းနိင်ငံသားတွေအားလုံး အမေရိကန်ကိုအမြဲတမ်းကျေးဇူးတင်နေမှာပါ၊ ပထမဆုံးအရေးကြီးတက အကူအညီတွေ တတ်နိုင်သမျှ မြန်မြန်ရောက်လာဖို့ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ လေကြောင်းရန်ကာကွယ်ရေးဟာ ကျတော်တို့အတွက် အကြီးမားဆုံးလိုအပ်ချက်ဖြစ်နေပါတယ်။ အရပ်သားတွေနဲ့ စစ်သားတွေဟာ ရုရှားဒုံးကျည်တွေရဲ့ တိုက်ခိုက်ခြင်းခံနေရလို့ ကာကိဗ်မြို့နဲ့ ကာကိဗ်ဒေသတဝိုက် အရေးတကြီးတပ်ဆင်ဖို့ လိုအပ်နေတာပါ”


ကာကိဗ်မြို့ မြောက်ဘက်ကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်လာတာကြောင့် ယူကရိန်းတပ်တွေဘက်က စစ်မျက်နာသစ်ဖွင့်ပြီး ရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းနိုင်ငံကိယက်မြို့ကို ဘီလင်ကန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကိယက်မြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းအတွင်း အန်တိုနီဘီလင်ကန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရည်ညွှန်းပြီး အမေရိကန်အနေနဲ့ ပူတင်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။


“ ပူတင်အနေနဲ့ သူဖျက်ဆီးခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်တဲ့အခွင့်အာဏာကို လွှတ်တော်မှာ ခွင့်ပြုထားပြီးဖြစ်ပါတယ်။ အဲဒါကို အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်”လို့ ဘီလင်ကန်က ဆိုပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့ 18 ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး လက်ရှိမှာ မနှစ်က မအောင်မြင်ခဲ့တဲ့ တန်ပြန်ထိုးစစ်တွေ ပြန်စတင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ် ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ