နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

ဇွန်လ (၁၅)ရက်။

တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မနေ့က တိုက်တွန်းထားချက်အရ သိရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာမှာ တစ်ဦးတစ်ယောက်၊ တဖွဲ့အပေါ်မှာ မူတည်တာမရှိစေဘဲ တိုင်းရင်းသားညီနောင်မောင်နှမ အဖွဲ့အစည်းအားလုံး အချင်းချင်း လက်တွဲပူးပေါင်းသွားရမယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒတွေကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့လဲ အရေးကြီးကာ ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပညာရေး စီမံခန့်ခွဲပိုင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်နဲ့ အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုမှုတို့နဲ့ ဆောင်ရွက်ကြဖို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအရ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့အတူ ပညာရေးမှာ ကိုယ်ပိုင်ပြဌာန်းဆောင်ရွက်ခွင့် အပြည့်အ၀ရှိဖို့လိုအပ်ပြီး ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထဲက ပညာရေးစနစ်တွေ ဆက်စပ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ယာယီသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတည်ဆောက်ဖို့ ပြည်သူရဲ့ မျှော်လင့်ချက်တွေနဲ့အတူ ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ်ကို ပျိုးထောင်ဖို့လိုအပ်ကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို စုစည်းညီညွတ်စွာနဲ့ စနစ်ပြောင်းတော်လှန်ရေး ကြိုးပမ်းတဲ့အချိန်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်ထောင်မှာ ဆရာဝန်မလုံလောက်တာကြောင့် နိုင်/ကျဉ်းတစ်ဦး လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 1 Views
အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၁၇)ရက်နေ့က ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ဦးရဲအောင်(ခ)ကိုချင်း လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

KNLA ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးနေရာကို စစ်ကောင်စီက ‌အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်က KNU ရဲ့ တပ်မဟာ (၇) ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးကို စစ်ကောင်စီက
မြန်မာသတင်း

စီးပွားရေးလုပ်ငန်းရှင် (၂၇)ဦးဆီက ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ စီးပွားရေးလုပ်ငန်းရှင်‌တွေဆီကနေ ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၀)ရက်နေ့က ပြင်ဦးလွင်မြို့နယ်ရှိ မိုးကြိုးပစ်ကျေးရွာမှာ ခြိမ်းခြောက်ငွေတောင်းခံသူ (၂)ဦး ရောက်ရှိနေတယ်လို့ သတင်းရရှိချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာလို့
မြန်မာသတင်း

နိုင်ငံ့စီးပွားရေး ဦးမော့လာပေမယ့် အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 10 Views
အောက်တိုဘာလ (၂၂)ရက်။ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပေမယ့် ဒေသထဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဓိကဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို
မြန်မာသတင်း

မတ္တရာမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်း (၃)ကြိမ်တိုက်ခိုက်ခဲ့၊ (၁)နှစ်ခွဲကလေးအပါအဝင် သားအမိ (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 6 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန် မတ္တရာမြို့အနောက်ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၄)စီးနဲ့ ‌လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ “ မတ္တရာအနောက်ခြမ်း
မြန်မာသတင်း

ဝေါမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောင်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီ (၁၅)မိနစ်အချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျု‌စောထီးတွေရှိတဲ့ ရေတံခါးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်မှာ စစ်ခွေးနဲ့ ပျူတွေရှိနေတဲ့
မြန်မာသတင်း

ကောလင်း ဥက္ကံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား (၂)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 11 Views
အောက်တိုဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းရှိ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ နံနက် (၁၀)နာရီ (၂၆)မိနစ်နဲ့ (၁၁)နာရီလောက်မှာ ဥက္ကကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာကို စစ်ကောင်စီက
မြန်မာသတင်း

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ ရဟတ်ယာဉ်နဲ့ လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 15 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီ (၂၃)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ‌၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “