နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြို့သိမ်းတိုက်ပွဲ (၄)ရက်မြောက်တဲ့နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့

နိုဝင်ဘာလ (၁၅)ရက်။

နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲ (၄)ရက်မြောက်တဲ့နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ မနေ့က ညပိုင်းအချိန်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ မနေ့က နေ့လယ်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ စစ်ကူတွေပို့လာတာကြောင့် တိုက်ပွဲဝင်ရဲဘော်တွေ ပုလဲမြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာပေးလိုက်ရတာပါ” လို့ ဆိုပါတယ်။

မနေ့က နေ့လယ်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပုလဲမြို့ပေါ်ကို Mi-17 နဲ့ (၄)ကြိမ် စစ်ကူပို့ဆောင်လာခဲ့တဲ့အတွက် တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။

ပုလဲမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးတို့က စစ်ကောင်စီတပ်တွေကို BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဗိုလ်နဂါးက ပြောဆိုခဲ့ပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲ (၄)ရက်တာကာလမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ အကြိမ် (၁၀၀)ထက်မနည်း ပစ်ကူပေးခဲ့ကာ နှစ်ဖက် ထိခိုက်တဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပုလဲမြို့ပေါ်ရှိ ရပ်ကွက်တွေအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံ (၁၀၀၀၀)နီးပါး ထွက်ပြေးတိမ်းရှောင်နေရကာ လေကြောင်းပစ်ခတ်တာတွေကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို ပုလဲမြို့နယ်ထဲက ကျေးရွာတွေအပါအဝင် မြိုင်မြို့၊ ဆားလင်းကြီးမြို့နဲ့ ယင်းမာပင်မြို့တို့က ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဖော်ပြထားပါတယ်။

ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို သက်ဆိုင်ရာကျေးရွာတွေက သံဃာတော်တွေ၊ ရပ်ကျေးပအဖနဲ့ ပကဖတွေက ဦးဆောင်ပြီး ကူညီစောင့်ရှောက်ပေးနေကာ ငွေနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကူရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပြည်သူတွေနေအိမ်ကို မီးရှို့နေပြီး စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်ခံရမှာစိုးတဲ့အတွက် အနီးရှိကျေးရွာတွေက အခြားကျေးရွာတွေကလဲ ထွက်ပြေးတိမ်းရှောင်လာနေတယ်လို့ ရေးသားထားပါတယ်။

ပုလဲမြို့နယ်ထဲရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုး မီးရှို့၊ ဖမ်းဆီး၊ သတ်ဖြတ်နိုင်တာကြောင့် စစ်ရေးသတိ၊ လေကြောင်းရန်သတိနဲ့ နေထိုင်သွားလာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင်
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 21 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 22 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 58 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 49 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ ရုံးပိတ်ရက်အတွက် ယူကရိန်း နှင့် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ၎င်းသည်
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 45 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 55 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 51 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့