နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အာဆတ် ပြုတ်ကျပြီး နာရီပိုင်းအကြာတွင် အစ္စရေးက ဆီးရီးယားရဲ့ အမြင့်ဆုံး ဟာမန်တောင်ကို သိမ်းပိုက်

ဒီဇင်ဘာလ (၁၅) ရက်။

ဘာရှာအာဆတ် အစိုးရပြုတ်ကျပြီးနောက် အစ္စရေးက အချိန်မဖြုန်းတီးခဲ့ဘဲဆီးရီးယား စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုအားလုံးကို ဗုံးကြဲပြီး သူပုန်လက်ထဲက မကျရောက်အောင် ကြိုတင်ကာကွယ်ခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ ပစ်မှတ် ၅၀၀ နီးပါးနှင့် ရေတပ်ကို ဖြိုခွင်းကာ ဆီရီးယား၏ဝေဟင်ပစ်ဒုံးကျည်များ၏ ၉၀% ကို ဖျက်စီးနိုင်ခဲ့သည်ဟု ဆိုထားသည်။

သို့သော် ၎င်းသည် ဆီးရီးယား၏ အမြင့်ဆုံးတောင်ထွတ်ဖြစ်သည့် ဟာမွန်တောင်ထိပ်ကို အစ္စရေးက သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး အစ္စရေးတာဝန်ရှိသူများက ၎င်း၏သိမ်းပိုက်မှုသည် ယာယီဖြစ်ကြောင်း အခိုင်အမာဆိုသော်လည်း ထိုသိမ်းပိုက်မှုသည် အစ္စရေးအတွက် ရရှိသည့် အမြတ်များထဲမှ တန်ဖိုးအရှိဆုံး သိမ်းပိုက်ရရှိမှု ဖြစ်နိုင်သည်။

“ဒါဟာ လက်ဘနွန်၊ ဆီးရီးယား၊ အစ္စရေးကိုအပေါ်ကနေစီး ကြည့်နိုင်တဲ့ ဒေသတွင်းမှာရှိတဲ့ အမြင့်ဆုံးနေရာပါ” ဟု ဂျေရုဆလင် မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု (JISS) မှ ဒါရိုက်တာ အီဖရာအင်(မ) အင်ဘာ (Efraim Inbar) က ပြောကြားခဲ့သည်။ “မဟာဗျူဟာအရ အလွန်အရေးကြီးတယ်။ တောင်တွေကို အစားထိုးစရာ မရှိပါဘူး။”

ဟာမွန်တောင်ထိပ်သည် အစ္စရေးနှင့် ဆီးရီးယားတပ်များကို နှစ်ငါးဆယ်ကြာ ပိုင်းခြားထားသည့် ကြားခံဇုန်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်ကုန်အထိ တည်ရှိပြီးနောက် ၎င်းကို အစ္စရေးတပ်များက ထိန်းချုပ်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့အထိ ထိုတောင်ထိပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးစောင့်တပ်များက စစ်မဲ့ဇုံအဖြစ်ကင်းလှည့်ခဲ့ပြီး ကမ္ဘာပေါ်တွင် ၎င်းတို့၏ အမြဲတမ်းတည်ရှိနေရသည့် အမြင့်ဆုံးနေရာဖြစ်သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကဒ်ဇ် (Israel Katz) သည် ဆောင်းရာသီတွင် တပ်ဖြန့်မှု၏ပြင်းထန်သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရန် စစ်တပ်အား သောကြာနေ့တွင် အမိန့်ပေးခဲ့သည်။ “ဆီးရီးယားမှာ ဖွံ့ဖြိုးတိုးတက်လာမှုတွေကြောင့် မောင့်ဟာမွန် တောင်ထိပ်ကို ထိန်းသိမ်းထားနိုင်ဖို့ ရာမှာ လုံခြုံရေးက အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံမြို့တော်မှ ၂၅ ကီလိုမီတာ (၁၅.၅ မိုင်) အကွာရှိ Beqaasem အထိ ဟာမွန် တောင်ထိပ်ထက် ကျော်လွန်ပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)က ချီတက် လာခဲ့ကြောင်း ဆီးရီးယားတက်ကြွလှုပ်ရှားသူအုပ်စုဖြစ်သည့် Voice of the Capital က ပြောကြားခဲ့သည်။ CNN သည် အဆိုပါ တိုင်ကြားချက်ကို သီးခြား အတည်မပြုနိုင်ပေ။ ယခုသီတင်းပတ်အတွင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက တပ်ဖွဲ့များသည် ဒမတ်စကတ်သို့ ချီတက်နေကြောင်း ငြင်းဆိုခဲ့သည်။

၁၉၆၇ စစ်ပွဲတွင် ဟာမန်တောင်ကို ဖြတ်ထားသည့် ဆီးရီးယားအနောက်တောင်ပိုင်းရှိ မဟာဗျူဟာမြောက်ကုန်းပြင်မြင့်ဖြစ်သော ဂိုလန်တောင်ကုန်း (Golan Heights) ကို အစ္စရေးက ထိုအချိန်မှစ၍ သိမ်းပိုက်ခဲ့သည်။ ဆီးရီးယားသည် ၁၉၇၃ ခုနှစ်တွင် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခုဖြင့် နယ်မြေပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အစ္စရေးက ၁၉၈၁ ခုနှစ်တွင် အစ္စရေးပိုင်အဖြစ် အပြီးသိမ်းယူခဲ့သည်။ အဆိုပါသိမ်းပိုက်မှုသည် နိုင်ငံတကာဥပဒေအရ တရားမဝင်သော်လည်း ထရန့်အစိုးရ လက်ထက်တွင် ဂိုလန်အပေါ် အစ္စရေး၏တောင်းဆိုမှုကို အမေရိကန်က အသိအမှတ်ပြုခဲ့သည်။

အစ္စရေးသည် ဟာမန်တောင်၏ အောက်ဘက်စောင်းအချို့ကို ဆယ်စုနှစ်များစွာကြာအောင် ထိန်းထားခဲ့ပြီး ထိုနေရာတွင် နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုပင် လုပ်ဆောင်ခဲ့သော်လည်း အထွတ်အထိပ်သည် ဆီးရီးယားတွင် ကျန်ရှိနေခဲ့သည်။

“ဆီးရီးယားပြည်တွင်းရေးကို ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဆီးရီးယားရှိ ပစ်မှတ်ရာပေါင်းများစွာကို ဗုံးကြဲပြီး စစ်မဲ့ကြားခံဇုန်ကို သိမ်းပိုက်ပြီးနောက် ရက်ပိုင်းအကြာတွင် ပြောကြားခဲ့သည်။ “ဒါပေမယ့် ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု သူကပြောခဲ့သည်။

ဟာမန်တောင်ထိပ်သည် အစ္စရေး၏ထိန်းချုပ်မှုအောက်တွင် ကြီးမားသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။ ၉၂၃၂ ပေ (၂၈၁၄ မီတာ) အမြင့်တွင် တည်ရှိပြီး ၎င်းသည် ဆီးရီးယား သို့မဟုတ် အစ္စရေးရှိ မည်သည့်နေရာထက်မဆို မြင့်မားပြီး လက်ဘနွန်တွင်ရှိသည့် တောင်ထွတ်တစ်ခု ပြီးလျှင် ဒုတိယအမြင့်ဆုံးဖြစ်သည်။

လူတွေက ပြောကြတယ် ဒုံးပျံတွေ ထွန်းကားလာတဲ့ခေတ်မှာ မြေနေရာဟာ အရေးမကြီးတော့ဘူးလို့ ပြောကြတယ်၊ ဒါဟာရှင်းရှင်းပြောရရင် လုံးဝမှားပါတယ် ဟု ပညာရှင် အင်ဘာကဆိုသည်။

၂၀၁၁ ခုနှစ်မှာ ထုတ်ဝေသည့် သူ၏အကယ်ဒမစ်စာတမ်းတွင် ဟာမန်တောင်အနေနှင့် အကျိူးကျေးဇူး ရနိုင်ခြေများကို ရေးသားထားခဲ့ပါသည်။

“တောင်ပေါ်ကနေ အီလက်ထရွန်းနစ် စောင့်ကြည့်ထောက်လှမ်းမှုကို ဆီးရီးယား ပိုင်နက်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထောက်လှန်းအသုံးပြုနိုင်စေကာ အစ္စရေးကို တိုက်ခိုက်မှု ဖြစ်လာပါက ကြိုတင်သတိပေးနိုင်စွမ်းကို ပေးစွမ်းနိုင်သည်” ဟု ရေးသားခဲ့သည်။ ဝေဟင်ထောက်လှမ်းခြင်းကဲ့သို့ အဆင့်မြင့်နည်းပညာဆိုင်ရာ အခြားရွေးချယ်စရာများကို နှိုင်းယှဉ်ကြည့်ရုံမျှဖြင့် မနှိုင်းယှဉ်နိုင်ဟု ၎င်းက စောဒကတက်ခဲ့သည်။ “တောင်ပေါ်မှာ တပ်ဆင်ခြင်းနဲ့ မတူဘဲ၊ ဒီအန်တီနာတိုင်ကြီးတွေလိုမျိုး လေးလံတဲ့ ပစ္စည်းတွေကို သယ်ဆောင်ဖို့ မလိုသလို ဒါတွေကို ဝေဟင်ကနေ ပစ်ဒုံးကျည်တွေနဲ့ ပစ်ချနိုင်ပါတယ်။”

တောင်ထွတ်သည် ဒမတ်စကတ်မှ ၃၅ ကီလိုမီတာ (၂၂ မိုင်ခန့်) ကျော်သာ ကွာဝေးပြီး ၎င်းသည် ၎င်း၏ ဆီးရီးယားတောင်ခြေများကို ယခု IDF လက်ထဲတွင် ချုပ်ကိုင် ထားသောကြောင့် ဆီးရီးယားမြို့တော်ကိုအမြောက်များဖြင့် ပစ်ခတ်နိုင်သော အကွာအဝေးအတွင်း ရောက်ရှိနေသည့်အနေအထားဖြစ်သည်။

ဆီးရီးယား သူပုန်ခေါင်းဆောင် မိုဟာမက်အယ်ဂျူလာနီက ဆီးရီးယားတွင် အစ္စရေး၏ ဖြတ်ကျော်ဝင်ရောက်လာမှုသည် “ထိတွေ့ရင်ဆိုင်မှုမျဉ်း” ကို ဖြတ်ကျော်နေသည်ဟု အစ္စရေးကို စနေနေ့တွင် စွပ်စွဲခဲ့ပြီး အိမ်နီးချင်းနိုင်ငံရှိ အုပ်စုတစ်စုမှ အစ္စရေးအား ဆီးရီးယား နယ်မြေအားလုံးမှ ဆုတ်ခွာရန် တောင်းဆိုခဲ့သည်။

တူရကီ၊ အီရတ်၊ အီဂျစ်၊ ဥရောပကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် အာကာဘာ (Aqaba) တွင် တွေ့ဆုံပြီးနောက် ဂျော်ဒန်ဒုတိယဝန်ကြီးချုပ် အိုင်မင်ဆာဖာဒီ (Ayman Safadi) က ဆီးရီးယားတွင် အာဏာလစ်ဟာမှုကို အသုံးချပြီး အမြတ်ထုတ်ရန် အစ္စရေးက ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ ဆီးရီးယားနိုင်ငံ၏တည်ငြိမ်မှုသည် “ ဒေသလုံခြုံရေး၏မဏ္ဍိုင်” ဖြစ်သည်ဟု ဆာဖာဒီက သတိပေးခဲ့ပြီး အစ္စရေးသည် ဆီးရီးယား၏ အချုပ်အခြာအာဏာကို မလေးစားပါက အခြေအနေမှာ ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိကြောင်း ဆာဖာဒီက သတိပေးခဲ့သည်။

တစ်ချိန်တည်းတွင်ပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆီးရီးယားရှိ အစိုးရသစ်အား ၎င်းအနေနှင့် လက်ကမ်းထားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် အောက်တိုဘာ ၇ ရက်လွန်ကမ္ဘာတွင် သူနှင့် အခြားအမျိုးသားလုံခြုံရေးတာဝန်ရှိသူများသည် သူတို့နိုင်ငံကို ထိခိုက်မှုရှိလာမည့် မည်သည့်အခွင့်အရေးကိုမျှပေးမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

“အများစုကတော့ ဒါဟာ ကျွန်တော်တို့အတွက် သက်တောင့်သက်သာ ဖြစ်စေမှုပါပဲ” ဟု အငြိမ်းစား ဗိုလ်မှူးချုပ်အစ္စရေးဇဗ် (Israel Ziv) က ဆီးရီးယားတွင် အစ္စရေး၏စစ်ဆင်ရေးများကို ပြောကြားခဲ့သည်။ “တခြားနိုင်ငံတွေမှာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက စစ်လက်နက်ပစ္စည်းတွေကို သိမ်းပိုက်မိတဲ့အခါ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာတွေကို ကျွန်တော်တို့ လေ့လာသိရှိထားခဲ့တယ်။”

နေတန်ယာဟုကလည်း အဆိုပါသိမ်းပိုက်မှုသည် ယာယီဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ “အစ္စရေးအနေနဲ့ ဂျီဟတ်အဖွဲ့တွေကို အဲဒီလစ်ဟာမှုကို ဖြည့်ပြီး ဂိုလန်ကုန်းမြင့်ပေါ်ရှိ အစ္စရေးအသိုင်းအဝိုင်းတွေကို အောက်တိုဘာ ၇ ရက်ကလို တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်ဖို့ ခွင့်မပြုပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ “၁၉၇၄ သဘောတူညီ ချက်ကို ကတိကဝတ်ပြုထားတဲ့အတိုင်း အစ္စရေးတပ်ဖွဲ့ကို ရုပ်သိမ်းဖို့ ကိစ္စမှာ ဆီးရီးယားတပ်အနေနဲ့ သူ့ရဲ့စံနှုန်းတွေကို တည်ထောင်နိုင်ပြီး ကျွန်တော်တို့ရဲ့ နယ်စပ်လုံခြုံရေးကို အာမခံနိုင်ရမယ်” ဟု ၎င်းက ဆိုသည်။

မည်သည့်အချိန်တွင်ထိုသို့ဖြစ်လာနိုင်မည်ကို မသိရသေးပါ။

အစ္စရေးစစ်တပ်က ရုတ်သိမ်းမလားဆိုသည်မှာ “ နိုင်ငံရေး ဆုံးဖြတ်ချက်ပါပဲ” ဟု အင်ဘာက ပြောကြားခဲ့သည်။ “စစ်တပ်က အဲဒီနေရာမှာ နေချင်တာပေါ့” ဟု အင်ဘာက ဆိုသည်။

သတင်းရင်းမြစ်။ CNN

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စစ်မဲ့ဇုန်ကို ပြန်လည်သိမ်းယူရန် အစ္စရေးစစ်တပ်ကို အမိန့်ပေးပြီးနောက် ဆီးရီးယားရှိ ဟာမွန်တောင်ပေါ်တွင် အစ္စရေးစစ်သားများ မတ်တပ်ရပ်နေခဲ့သည်။ (ဓာတ်ပုံ) ဆိုရှယ်မီဒီယာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယခင်က ငါးဖမ်းရန် အသုံးပြုခဲ့သော ဤပိုက်ကွန်များသည် ယခုအခါ ရုရှားဒရုန်းများကို ဖမ်းဆီးရန် ဖြစ်လာခဲ့သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နယ်သာလန်နိုင်ငံတွင် တူးလစ် (Tulip) ပန်းပင်များကို ကာကွယ်ရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို
နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 15 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 35 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 31 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 36 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း