ပုလဲမြို့ရှိ အိုင်ရောင်းကျေးရွာမှာ မတော်တဆမီးလောင်ကာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့၊ မီးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့လှူဒါန်းပေးဖို့ မြို့နယ်ပကဖ မေတ္တာရပ်ခံ
ဧပြီလ (၁၆)ရက်။
ဧပြီလ (၁၃)ရက်နေ့ နေ့လယ် (၁၂)နာရီကစပြီး ညနေ (၆)နာရီအချိန်အထိ ပုလဲမြို့နယ်ရှိ အိုင်းရောင်းကျေးရွာမှာ မတော်တဆ မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အိုင်ရောင်းကျေးရွာမှာ မတော်တဆမီးလောင်ကာ ကျေးရွာတစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပြီး အိမ်ခြေ (၁၁၅)အိမ် မီးထဲပါသွားခဲ့သလို စပါး၊ ပဲ၊ ဂျုံနဲ့ ကြက်သွန်တွေ အများအပြား ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
မီးဘေးသင့်ခဲ့တဲ့ အိုင်ရောင်းကျေးရွာက ပြည်သူတွေကို မြို့နယ်ပအဖအဖွဲ့ခေါင်းဆောင်အပါအ၀င် မြို့နယ်လူသားစာနာတာ၀န်ခံ၊ ပလဖနဲ့ အပဖတို့က သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် မီးဘေးသင့်ပြည်သူတွေ လတ်တလော စားနပ်ရိက္ခာအတွက် အဆင်ပြေနိုင်ဖို့ ပုလဲမြို့နယ် လူသားစာနာတာ၀န်ခံက မြို့နယ်အခွန်ခွဲထမ်းရငွေကနေ ကျပ်သိန်း(၂၀)ကို လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုအချိန်မှာ အိုင်ရောင်းကျေးရွာက မီးဘေးသင့်ပြည်သူတွေအနေနဲ့ အ၀တ်အထည်၊ အစားအသောက်နဲ့ နေထိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် တတ်နိုင်တဲ့ အထောက်အကူတွေ ထောက်ပံ့လှူဒါန်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
အိုင်းရောင်းကျေးရွာက မီးဘေးသင့်ပြည်သူတွေကို လှူဒါန်းလိုပါက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတစ်ဆင့် (ဒါမှမဟုတ်) မီးဘေးသင့်ပြည်သူတွေအတွက် အထောက်အကူပြုကော်မတီကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။