နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား)

ကရင်ဘက်မှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီး

ဇန်နဝါရီလ (၁၇)ရက်။

ကရင်ပြည်နယ်ဘက်မှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ကို ဇန်နဝါရီလ (၁၅)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ကရင်ပြည်နယ် သံတောင်မြို့အနီးက ကျေးရွာတွေဘက်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား ကမဒီဟိုဖောလီရွာရှိ လယ်ကွင်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုတိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်ပျက်ကျရာနေရာသို့ သွားရောက်ခဲ့ပြီး ပျက်စီးသွားတဲ့ တိုက်လေယာဉ်ကို မီးရှို့ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် တိုက်လေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီနေရာအနီးက ရွာသားတွေရဲ့ စပါးကျီနဲ့ တဲတစ်လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ KHRG က ပြောဆိုထားပါတယ်။

ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ဟာ K-8W အမျိုးအစားတိုက်လေယာဉ်ဖြစ်ပြီး ဗိုလ်မှူး ခိုင်သန့်မိုးမောင်းနှင်ခဲ့ကာ ကရင်နီတော်လှန်ရေးအင်အားစုတွေက ပစ်ချခဲ့သလို ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းခေါင်းစဉ်နဲ့ အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းပို့ခံရတဲ့ တပ်သား(၄)ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 19 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၁)ရက်နေ့က ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းနယ်‌မြေတစ်ခုမှာ စစ်ကောင်စီတပ်သား (၄)ဦး KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ဒီကနေ့မှာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဆေးတပ်သား (၁၈)ဦးသေဆုံးတဲ့အပေါ် ကျောင်းအုပ်အပါအဝင် (၃)ဦးကို KNDF က အလုပ်နဲ့ ထောင်ဒဏ် ချမှတ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 41 Views
ဒီဇင်ဘာလ (၁၅)ရက်။ လေ့ကျင့်ရေးတစ်ခုပြုလုပ်ချိန် ဆေးတပ်သား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့တဲ့ဖြစ်စဉ်က ကျောင်းအုပ်အပါအဝင် (၃)ဦးကို အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ KNDF
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 47 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နံနက်(၃)နာရီကျော်လောက် လေကြောင်းကနေ ဗုံး(၄၀)နီးပါး အဆက်မပြတ်ကြဲသွားတာ။ အရပ်သား
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီဒေသ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၅၀၀)ကျော် သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 50 Views
ဒီဇင်ဘာလ (၂)ရက်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် နိုဝင်ဘာလအထိ ကရင်နီဒေသက တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၅၈၀)ဦး သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ တိုက်ပွဲစုစုပေါင်း (၁၂၃၅)ကြိမ် ဖြစ်ပွားခဲ့ကာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်မှာ စစ်ကောင်စီတပ်ရင်းနဲ့ တိုက်ပွဲထဲ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 61 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့က လွိုင်ကော်မြို့အစပ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ခလရ(၈၀)တပ်ရင်းနဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ခလရ(၈၀)တပ်ရင်းဟာ စစ်ကောင်စီရဲ့ တပ်မ(၆၆)လက်အောက်ခံဖြစ်ပြီး စစ်သုံ့ပန်း
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယအကြိမ် ဗုံးကြဲခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 65 Views
နိုဝင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီခွဲအချိန်က ဖယ်ခုံမြို့၊ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ KNDF အမှတ်(၈)ဗျုဟာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းနဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဝန်းရံပိတ်ဆို့ခံထားရတဲ့ ဖားဆောင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 51 Views
နိုဝင်ဘာလ (၁၇)ရက်။ အခုနှစ်ရက်တာထဲ ဖားဆောင်းမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဖားဆောင်း PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖားဆောင်းမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တေယ်လှန်ရေးတပ်ပေါင်းစုတွေက
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 52 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထားတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံမြို့ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့