နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ်

ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ်

ဖေဖော်ဝါရီလ (၁၂)ရက်။

ကရင်နီပြည်နယ်မှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမယ်လို့ Karenni-IEC လဝကရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကရင်နီပြည် လုံခြုံရေးအပါအဝင် ခရီးသွားပြည်သူ လုံခြုံရေးနဲ့ စနစ်တကျ သွားလာနိုင်ဖို့အတွက် ကရင်နီပြည် ဝင်/ထွက်ခွင့်ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကရင်နီပြည်မှာ ပြည်နယ်သားမဟုတ်တဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ဝင်/ထွက်ခွင့်ကတ်ပါမှသာ ဖြတ်သန်းသွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ဝင်/ထွက်ခွင့်ကတ်ပြားကို ပျက်စီး၊ ပျောက်ဆုံးပါက နီးစပ်ရာ လဝကရုံးကို အကြောင်းကြားဖို့နဲ့ (၁၀)နှစ်အောက်ကလေးငယ်တွေ ကိုင်ဆောင်စရာမလိုဘူးလို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး အဲ့ဒီကတ်ဟာ နေထိုင်ခွင့်လက်မှတ်မဟုတ်သလို ကရင်နီပြည်က ထွက်ခွာတဲ့အခါ မပျက်မကွက် ပြန်လည်အပ်နှံရမယ်လို့လဲ အသိပေးထားပါတယ်။

ဒီအစီအစဉ်ကို လာမယ့် မတ်လနောက်ပိုင်းကစတင်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရကာ ကတ်ပြား လျှောက်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်နယ်ထဲ ဝင်ရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအတွက်ကိုလဲ အလုပ်လုပ်ကိုင်ခွင့်ကတ် ကိုင်ဆောင်ဖို့နဲ့ နေထိုင်ခွင့်ကတ်တွေကိုပါ လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 38 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 35 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 29 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 40 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ
မြန်မာသတင်း

“ဒီမိုကရေစီစိတ်ပျောက်-အာဏာရှင်စိတ်ပေါက်”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 37 Views
“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား” ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA ဂိတ်၂ခုကိုဝင်ရောက်ဖမ်းဆီးသိမ်းပိုက် ပြီး လက်နက်တွေနဲ့စက်လတ်တလက်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့တာတွေကြောင့် အကောင်းထက်အဆိုးဖက်ကိုရှေးရှူနေတဲ့ ရှေ့ တော်လှန်ရေးအလားအလာကို
မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 46 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က မုံရွာအခြေစိုက် နမခဌာနချုပ်ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို Battalion of Budalin(BOB)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 30 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၆)နာရီလောက်မှာ ခလရ(၅၀)တပ်နဲ့ မြိုဝင်ဂိတ်တွေ၊ ဝီလပ်တံတားနဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 26 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်