နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ်

ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ်

ဖေဖော်ဝါရီလ (၁၂)ရက်။

ကရင်နီပြည်နယ်မှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမယ်လို့ Karenni-IEC လဝကရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကရင်နီပြည် လုံခြုံရေးအပါအဝင် ခရီးသွားပြည်သူ လုံခြုံရေးနဲ့ စနစ်တကျ သွားလာနိုင်ဖို့အတွက် ကရင်နီပြည် ဝင်/ထွက်ခွင့်ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကရင်နီပြည်မှာ ပြည်နယ်သားမဟုတ်တဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ဝင်/ထွက်ခွင့်ကတ်ပါမှသာ ဖြတ်သန်းသွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ဝင်/ထွက်ခွင့်ကတ်ပြားကို ပျက်စီး၊ ပျောက်ဆုံးပါက နီးစပ်ရာ လဝကရုံးကို အကြောင်းကြားဖို့နဲ့ (၁၀)နှစ်အောက်ကလေးငယ်တွေ ကိုင်ဆောင်စရာမလိုဘူးလို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး အဲ့ဒီကတ်ဟာ နေထိုင်ခွင့်လက်မှတ်မဟုတ်သလို ကရင်နီပြည်က ထွက်ခွာတဲ့အခါ မပျက်မကွက် ပြန်လည်အပ်နှံရမယ်လို့လဲ အသိပေးထားပါတယ်။

ဒီအစီအစဉ်ကို လာမယ့် မတ်လနောက်ပိုင်းကစတင်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရကာ ကတ်ပြား လျှောက်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်နယ်ထဲ ဝင်ရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအတွက်ကိုလဲ အလုပ်လုပ်ကိုင်ခွင့်ကတ် ကိုင်ဆောင်ဖို့နဲ့ နေထိုင်ခွင့်ကတ်တွေကိုပါ လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 21 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူကို လူတစုက စစ်ကောင်စီလက်က ကယ်ထုတ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
ဇူလိုင်လ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထရတဲ့ အမျိုးသမီးတစ်ဦးကို လူတစုက စစ်ကောင်စီလက်ကနေ ကယ်ထုတ်သွားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစရဲ့ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ-၅၀(ည)နဲ့ ဖမ်းခံထားရတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 30 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သုံးဆယ်ရွာကို နေ့လယ် (၃)နာရီ
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇွန်လ (၁၂)ရက်နေ့က မုံရွာထောင်ကနေ အိုးဘိုထောင်ကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 33 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က