နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

မတ်လ (၁၅)ရက်။

မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်ရရှိဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး လူအင်အားတွေ၊ ဒရုန်းတွေနံ့ လက်နက်ကြီးတွေကို အင်အားသာလွန်စွာ အသုံးပြုပြီး ထိုးစစ်ဆင်တာတွေကို တော်လှန်ရေးတပ်တွေက ခုခံတွန်းလှန်နေတာပါ။

တိုက်ပွဲထဲ မတ်လ (၁၃)ရက်နေ့က စစ်ကောင်စီဟာ ဒရုန်းနဲ့ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီး ထိုးစစ်ဆင်တာကြောင့် ရှေ့တန်းကင်းနေရာအချို့ တပ်ဆုတ်ပေးခဲ့ရပေမယ့် မနေ့က တော်လှန်ရေးအင်အားစုတွေက ပြန်လည်ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး တပ်သား (၁၅)ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိကာ ရှေ့ကင်းနေရာအချို့ကနေ ပြန်ဆုတ်ခွာသွားခဲ့သလို စစ်ကောင်စီလက်နက် (၉)လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ တေယ်လှန်ရေးအင်အားစုတွေဘက်က KNDF/B-03 ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးခဲ့တဲ့အပေါ် မဟာမိတ်ညီနောင်တွေက မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ အာဏာရှင်စနစ် ကျဆုံးတဲ့အထိ အတူတိုက်ပွဲဝင်သွားမယ်လို့ ရေးသားထားပါတယ်။

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓါတ်ငွေ့ဗုံးတွေ ပစ်ခတ်တာနဲ့ မီးလောင်ဗုံးတွေ အသုံးပြုတိုက်ခိုက်နေပြီး မီးလောင်ဗုံးတိုက်ခိုက်တာတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေထဲ နေအိမ် (၁၅)လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်တဲ့တိုက်ပွဲထဲ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ရှမ်းဆောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာ၊ KNDF နဲ့ အခြားတပ်ပေါင်းစုတွေက ခုခံတွန်းလှန်နေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို