နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

နှစ်ဆန်းတစ်ရက်နေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း

ဧပြီလ (၁၇)ရက်။

ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသတင်းကြောင့် အကျဉ်းသား/သူတွေရဲ့ မိသားစု၀င်တွေက အင်းစိန်ထောင်ရှေ့မှာ နံနက်ပိုင်းကထဲက လာရောက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ နေ့လယ် (၁၂)နာရီကျော်အချိန်မှာတော့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေကို ထောင်အာဏာပိုင်တွေက YBS ကားသေးတွေနဲ့ ပြန်လွှတ်ပေးနေတာလို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွတ်လာသူ (၅၀၀)၀န်းကျင်ခန့်ရှိကာ အဲ့ဒီထဲမှာ ပုဒ်မ၅၀၅နဲ့ ထောင်ဒဏ်ကျခံနေရသူ (၁၈)ဦးခန့်သာပါတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

“ ဒါက စစ်ကောင်စီက အလွှတ်ပြတဲ့သဘောပဲရှိတာပါ၊ အခုတခေါက်က ပြန်လွှတ်တာတော်တော်နည်းတယ်၊ ၅၀၅(က)နဲ့က ဆယ်ယောက်ကျော်ပဲပါတာ၊ ကျန်တာက တခြားအမှုတွေပါ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသား၊ အကျဉ်းသူ (၃၃၀၃)ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပြီး ဒီပမာဏဟာ အလွန်နည်းပါးတယ်လို့ ပြောဆိုနေကြတာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

KNU ရဲ့ ကော်သူးလေစာသင်ကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ ကော်သူးလေအလယ်တန်းကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီးအလယ်တန်းကျောင်းကို ကလေးတွေ
မြန်မာသတင်း

တရုတ်အနေနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုတာ ဆိုင်းငံ့ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ ငြင်းပယ်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 19 Views
စက်တင်ဘာလ (၄)ရက်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁)ရက်နေ့က တရုတ်အစိုးရထံ တိုက်တွန်းချက် (၃)ချက်ပါတဲ့ တိုက်တွန်းစာတစောင်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရထံ တိုက်တွန်းတဲ့စာကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 87 Views
စက်တင်ဘာလ (၃)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဘော်ကြိုရွာက ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့
မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 72 Views
စက်တင်ဘာလ (၃)ရက်။ ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကြားတာတော့ လူမျိုးရေးအကြောင်းပြ သီးသန့်ခွဲထွက်ပြီး တပ်ဖွဲ့ထောင်တာနဲ့ အမိန့်မနာခံလို့ဆိုပြီး
မြန်မာသတင်း

ဒီမော့ဆိုအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 65 Views
စက်တင်ဘာလ (၃)ရက်။ ဒီမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလတ်တလောကာလထဲ ဒီမော့ဆိုအနီးတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်သူတွေ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွေးကောက်ပွဲမိန့်ခွန်းနဲ့ စစ်တပ်က ပြည်သူကို ခြိမ်းခြောက်ဝါဒဖြန့်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 71 Views
စက်တင်ဘာလ (၃)ရက်။ စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အသုံးပြုကာ ဝါဒဖြန့်သတင်းစာနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ စစ်တပ်ဟာ ဝါဒဖြန့်သတင်းစာတွေထဲကနေ ၁၉၄၇ခုနှစ် မတ်လ (၁၃)ရက်နေ့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်း