နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကချင်က တပ်စခန်းတွေ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြောဆို

ဇွန်လ (၁၇)ရက်။

ကချင်ပြည်နယ်ထဲက ချီဖွေမြို့နဲ့ ဝိုင်းမော်မြို့ရှိ တပ်စခန်းတွေ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ဆဒုံးဗျူဟာကုန်းအပါအဝင် နယ်ခြားစောင့်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းအဖွဲ့က ဇွန်လ (၁၁)ရက်နေ့ကစပြီး တပြိုင်ထဲ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က လူအင်အား၊ လက်နက်အင်အား မမျှတဲ့အတွက် တပ်စခန်းအချို့ကို ဆုတ်ခွာခဲ့ရတယ်ဆိုပြီး ဖော်ပြထားကြပါတယ်။

အခုအခါ မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဘက်က ထိန်းချုပ်ထားပြီး ကန်ပိုက်တီမြို့မှာ စစ်ကောင်စီဝန်ထမ်းတွေ ပိတ်မိနေတယ်လို့ ရေးသားထားပါတယ်။

ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့ စခန်းအရေအတွက်ကို စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတာမရှိပေမယ့် ဆဒုံးဗျူဟာကုန်းအပါအဝင် တပ်စခန်းကြီး/ငယ် (၁၀)ခုကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ဘက်က ထုတ်ပြန်ထားပါတယ်။

ဆဒုံးဗျူဟာတပ်စခန်းဟာ လွတ်လပ်ရေးမတိုင်မီကာလ အင်္ဂလိပ်တပ်တွေ တည်ဆောက်အသုံးပြုခဲ့တဲ့ စစ်ရေးအရ အချက်အချာကျတဲ့ သမိုင်းဝင်တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇွန်လ (၁၁)ရက်နေ့က တစ်ရက်ထဲ သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းတွေထဲ ဘွမ်တောင်တပ်စခန်း၊ (၁၃)မိုင်စုပေါင်းဂိတ်စခန်း၊ လဖိုင်တပ်စခန်း၊ (၁၉)မိုင်ဂိတ်စခန်းနဲ့ ဂေါနန်တပ်စခန်းတို့ပါဝင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 29 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 23 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 22 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 20 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 25 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 26 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 15 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 20 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄