နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပအိုဝ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက ပြည်သူ (၆၀)ကျော်သတ်ဖြတ်ခဲ့ပြီး နေအိမ် (၆၀၀)ကျော် ဖျက်ဆီးခဲ့

ဇွန်လ (၁၇)ရက်။

ပအိုဝ်းဒေသ တိုက်ပွဲ (၃)လကျော်ကာလထဲ စစ်ကောင်စီက ပြည်သူ (၆၀)ကျော်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ် (၆၀၀)ကျော် ဖျက်ဆီးခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပအိုဝ်းဒေသကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့ အန္တရာယ်ကို အခုအချိန်မှာ PNLA အနေနဲ့ ခုခံတော်လှန်နေရတာကြောင့် တိုက်ပွဲတွေလဲ နေ့တိုင်း ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၂၁)ရက်နေ့ကစပြီး ဒီကနေ့အချိန်အထိ စစ်ကောင်စီတပ်နဲ့ PNLA တို့အကြား တိုက်ပွဲပေါင်း (၁၂၆)ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၄၀၀)ကျော်သေဆုံးပြီး ဗိုလ်မှူးအဆင့်ကနေ တပ်သားအဆင့်အထိ သုံ့ပန်း (၂၀)နီးပါး ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အဆင်အခြင်မဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပအိုဝ်းဒေသက ပြည်သူတွေအပါအဝင် ကရင်နီပြည်ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူ စုစုပေါင်း တစ်သိန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ လေယာဉ်တွေကို အဆမတန် အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဆီဆိုင်တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ PNLA အနေနဲ့ ဒရုန်းတပ်ဖွဲ့ကို အင်အားဖြည့်တင်းနိုင်ဖို့ ဝေဟင်ကိုထိန်း မြေပြင်သိမ်း ဒရုန်းကမ်ပိန်းတစ်ရပ် ပြုလုပ်နေကာ ဒရုန်းစစ်ဆင်ရေး အောင်မြင်ပါက ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိတာတွေ လျော့ချနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ဒရုန်းကမ်ပိန်းကို ဇွန်လ (၄)ရက်ကနေ ဇူလိုင်လ (၇)ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ပထမဆုကို တောင်ကြီးမြို့က မြေကွက်တစ်ကွက်အပါအဝင် ဒုတိယဆု ရွှေတစ်ကျပ်သား၊ တတိယဆု လပ်တော့တစ်လုံး၊ အထူးဆု ပန်ချီကား (၃)ချပ်နဲ့ နှစ်သိမ့်ဆုကို ပအိုဝ်းရိုရာဝတ်စုံ (၈)စုံ မဲဖောက်ပေးမယ်လို့ ဆိုပါတယ်။

ဆုမဲပေါက်တဲ့ တော်လှန်ပြည်သူတွေအနေနဲ့ ဆုမဲအစား ငွေကြေးကို ဆုမဲအနေနဲ့ ထုတ်ယူလို့ရကာ မဲလက်မှတ်ဈေးနှုန်းတွေကို မြန်မာငွေကျပ် (၃၀၀၀၀)သတ်မှတ်ထားပြီး  CRPH-OFP Fundraising Program က ကူညီပေးတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 15 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 17 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 14 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 54 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ