နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

စစ်ရေးသတင်း

စစ်ရေးသတင်း နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်နှင့် ပါကစ္စတန်နိုင်ငံ အပြန်အလှန် တိုက်ခိုက်

ဒီဇင်ဘာလ (၁၇) ရက်။

ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အီရန်နိုင်ငံအတွင်း ခွဲထွက်ရေးစစ်သွေးကြွများ ခိုအောင်းရာနေရာများဟု ပြောဆိုထားသည့်အတွက် ပါကစ္စတန်က စစ်ရေးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး၊ အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာစေခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က အီရန်သည် အိမ်နီးချင်း ပါကစ္စတန်တွင် ဆွန်နီ စစ်သွေးကြွများကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် အာဏာပိုင်များက ကြေညာခဲ့ပါသည်။ ပါကစ္စတန်သည် အဆိုပါတိုက်ခိုက်မှုအား ၎င်း၏လေပိုင်နက်ကို တစ်ဖက်သတ်ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပြီး လက်တုံ့ပြန်ရန် သတိပေးခဲ့သည်။

တစ်ဖက်တွင် အီရန်သည် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Baluchistan ပြည်နယ်ရှိ Jaish al-Adl စစ်သွေးကြွများ၏ အမာခံနယ်မြေနှစ်ခုကို ဖျက်ဆီးရန်အတွက် တိကျသော ဒုံးကျည်နှင့် ဒရုန်းများကို အသုံးပြုခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းကို အစိုးရနှင့်ဆက်နွှယ်သည့် Tasnim သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ဤတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံးပြီး မိန်းကလေး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုသည် ၎င်း၏လေပိုင်နက်ကို ချိုးဖောက်မှုဖြစ်ကြောင်းနှင့် အီရန်အား “ ဆိုးရွားသော အကျိုးဆက်များ” ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။

တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးကို နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် ပါကစ္စတန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါသည်။ အီရန်သံမှူးကိုကိုဆင့်ခေါ်ပြီး “ အီရန်အနေနဲ့ ဒီအကျိုးဆက်တွေအတွက် အပြည့်အဝ တာဝန်ယူရမယ်” ဟု ပြောကြားခဲ့ပါသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့နှောင်းပိုင်းတွင် Jaish al-Adl က အီရန်၏ ထိပ်တန်းတော်လှန်ရေးအစောင့်တပ် (IRGC) သည် တိုက်ခိုက်ရေးဒရုန်းခြောက်စင်းနှင့် ဒုံးကျည်အမြောက်အမြားဖြင့် နေအိမ်နှစ်လုံးကို ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းအဖွဲ့အစည်းမှ တိုက်ခိုက်ရေးသမားတစ်ဦး၏ ဇနီးနှင့် ကလေးသည် အိမ်တွင် နေထိုင်သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် IRGC သည် အီရတ်မြောက်ပိုင်းရှိ အစ္စရေးထောက်လှမ်းရေးအေဂျင်စီ မော့ဆက်၏ သူလျှိုအခြေစိုက်စခန်းနှင့် ဆီးရီးယားရှိ အီရန်အကြမ်းဖက်အဖွဲ့အား ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။

တိုက်ခိုက်မှုအသစ်များသည် အရှေ့အလယ်ပိုင်းနှင့် ကျယ်ပြန့်သောဒေသတွင် ပဋိပက္ခများ ချဲ့ထွင်နေသည့်အချိန်၌ ယခုသီတင်းပတ်အတွင်း ပါကစ္စတန်နှင့် အီရန်နှစ်နိုင်ငံစလုံး၏ မြေပြင်ပေါ်တွင် စစ်သွေးကြွများကို တိုက်ခိုက်ခြင်း၏ ထူးခြားသောခြေလှမ်းကို လှမ်းနေပြီဟု ဆိုလိုခြင်းဖြစ်သည်။

‘Marg Bar Sarmachar’ ဟုခေါ်သော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်အရှေ့တောင်ပိုင်းရှိ Sistan နှင့် Baluchistan ပြည်နယ်တွင် ၎င်း၏တပ်ဖွဲ့များသည် ညှိနှိုင်းပြီး အထူးတိကျစွာ ပစ်မှတ်ထားသော စစ်ရေးတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။ ”

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော အီရန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လေ့ကျင့်မှုတစ်ခုအတွင်း တော်လှန်ရေးအစောင့်တပ်များ၏ ဒုံးကျည်ပစ်လွှတ်နေစဉ်/ Wana News Agency/Reuters/File

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဝါရှင်တန်ပြည်နယ်ဖဒရယ်တရာရုံးက ထရန့်၏ ဖက်ဒရယ်ထောက်ပံ့ကြေး ယာယီဆိုင်းငံ့ရန် ကြိုးပမ်းမှုကို အတည်မပြုမီ မိနစ်ပိုင်းအတွင်း ယာယီပိတ်ပင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၉) ရက်။ ဖက်ဒရယ်ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် အခြားဘဏ္ဍာရေးအကူအညီများကို ဆိုင်းငံ့ထားရန် ထရန့်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အသစ်ကို ဗဟိုတရားသူကြီးတစ်ဦးဖြစ်သည့် လော်ရင်အာလီခန်းက ယာယီပိတ်ဆို့ထားသည်။
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားက တိုင်းပြည်ကို ဖြိုဖျက်နေတယ်လို့ ထရန့်အစိုးရအဖွဲ့ကို ဝေဖန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 2 Views
++++++++++++++++++++++++++++++++++++ ဇန်နဝါရီလ (၂၉) ရက်။ လိင်ပြောင်းထားသူများကို စစ်တပ်တွင် တာဝန်ထမ်းဆောင်ခွင့်မှပိတ်ပင်ရန်နှင့် လူငယ်များအတွက် ကျားမရေးရာစောင့်ရှောက်မှုအတွက် ဖက်ဒရယ်ရန်ပုံငွေကို ပိတ်ပင်ခြင်းအပါအဝင် လိင်ပြောင်းထားသူများကို
နိုင်ငံတကာသတင်း အမေရိကန်

သူ့အား စွဲချက်တင်ခဲ့သည့် တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထရန့်လက်စားခြေဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 7 Views
ဇန်နဝါရီလ (၂၉) ရက်။ တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထုတ်ပယ်မှုသည် အနာဂတ် စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း အရာရှိဟောင်းများက ပြောကြားခဲ့သည်။ တဖက်သတ် ဘက်လိုက်မှုပြုသည်ဟုပြောပြီး တရားရေးဌာနကို ဖယ်ရှားပစ်မည်ဟု ထရမ့်က ကတိပြုခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သည် စက်မှုလုပ်ငန်းများအပေါ် ထရန့် ၏အခွန်စည်းကြပ်ရန်ချိမ်းခြောက်မှုမှ အကူအညီပေးနိုင်ဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၉) ရက်။ ထိုင်ဝမ်အစိုးရသည် ဆီမီးကွန်ဒတ်တာများအပေါ် အခွန်စည်းကြပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုအပေါ် ၎င်း၏ ပြည်တွင်း စက်မှုလုပ်ငန်းကို ကူညီရန် ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ချိုဂျွန်းတိုင် (Cho Jung-tai) က ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်နိုင်ငံက အလိုရှိနေသည့် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် လောင်းကစားသူဌေးကြီးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲမှုကို ထိုင်းအစိုးရ ငြင်းဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 1 Views
ဇန်နဝါရီလ (၂၈) ရက်။ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခံထားရသည့် အရှေ့တောင်အာရှတွင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် လောင်းကစားသူဌေးကြီးတစ်ဦးအားထိုင်းနိုင်ငံတွင် ဖမ်းဆီးချုပ် နှောင်ခံထားရစဥ် ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု စွပ်စွဲချက်ကို ထိုင်းနိုင်ငံမှ ငြင်းဆိုထားကြောင်း ထိုင်းနိုင်ငံတရားရေးဝန်ကြီးက အင်္ဂါနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်ကုမ္ပဏီ DeepSeek က တန်ဖိုးနည်း AI မော်ဒယ်လ်ကို ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်စတော့ဈေးကွက် ထိုးကျသွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 8 Views
ဇန်နဝါရီလ (၂၈) ရက်။ အမေရိကန်စတော့ရှယ်ယာစျေးနှုန်းများသည် ဇန်နဝါရီလ (၂၇) ရက် အင်္ဂါနေ့တွင် ကျဆင်းသွားပြီး ဉာဏ်ရည်တု (AI) တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီကြီး Nvidia သည် စျေးကွက်အရင်းအနှီးမှ ဒေါ်လာ ၆၀၀ ဘီလီယံနီးပါး ဆုံးရှုံးသွားခဲ့သည်။ တရုတ်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

၈၀ ခုနှစ် စစ်မြေပြင်နည်းပရိယာယ်သာ နားလည်သော မြောက်ကိုရီးယားစစ်သားများက ယူကရိန်း- ရုရှားစစ်ပွဲတွင် ပါဝင်နေခြင်း၊

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 52 Views
ဇန်နဝါရီလ (၂၈) ရက်။ ဖမ်းမိခံရခြင်းထက် မေးစေ့အောက်တွင် လက်ပစ်ဗုံးကိုထား၍ ဖောက်ခွဲပစ်ခြင်း၊ တိုက်ခိုက်ရေး ဒရုန်းများကို ဆွဲဆောင်ရန် မိမိစစ်သားချင်းကို တည်ကြက်အဖြစ် အသုံးပြုခြင်း၊ ခြေလျင်တိုက်ခိုက်ခြင်းကို ပိုမိုမြန်ဆန်စေရန် ကိုယ်ထည်သံချပ်ကာပြားများနှင့် ခမောက်များကို ဖယ်ရှားခြင်း။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအပေါ်
နိုင်ငံတကာသတင်း အာရှ

ရူဘီယိုအား အပြောအဆို ဆင်ခြင်ရန် မသိမသာ တရုတ် သတိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 13 Views
ဇန်နဝါရီလ (၂၇) ရက်။ တရုတ်နိုင်ငံ၏ ဝါရင့်နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီးသစ်အား အပြောအဆို ဆင်ခြင်ရန် မသိမသာ သတိပေးလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် မာကိုရူဘီယိုအား သမ္မတ‌ဒေါ်နယ်ထရန့်၏ ထိပ်တန်းသံတမန်အဖြစ် မခန့်အပ်မီ လေးရက်အလိုတွင် ၎င်းတို့၏ ပထမဆုံး ဖုန်းဖြင့်