နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြ၀တီမြို့ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်‌တွေ ဒေါနတောင်မှာ ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေ

ဧပြီလ (၁၈)ရက်။

မြ၀တီမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေ လမ်းကြောင်းဖြတ်တောက် တိုက်ခိုက်ခံရတာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြ၀တီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၇၅)တပ်စခန်းကို KNLA၊ KNDO နဲ့ PDF တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဟာ မြို့ပြန်ရရှိဖို့ “ အောင်ဇေယျ” နာမည်နဲ့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

KNLA ကဦးဆောင်ပြီး KNDO နဲ့ PDF တို့ပူးပေါင်းကာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေရဲ့ လာရာလမ်းတစ်လျှောက်ကို အဆက်မပြတ် ဖြတ်တောက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က သံချပ်ကာကားအပါအ၀င် စစ်သုံးကားအချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ရာကျော် ထိခိုက်သေဆုံးခဲ့ကာ ရှေ့ကိုမတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဘက်တောင်ခြေမှာ ရပ်တန့်နေခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ သူတို့လာရာလမ်းတစ်လျှောက်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ နေရာတွေကို လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ ပစ်ခတ်တောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တာတွေ ရှိတဲ့အပြင် ပြည်သူ လူထုပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေလဲ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 15 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 25 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ (၆)နာရီ (၄)မိနစ်က မန်ကျည်းကန်နဲ့ ညောင်ကုန်းရွာကြားက တောတိုက်ထဲတနေရာကို စစ်တပ်က
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 37 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 31 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 31 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 23 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 52 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို