နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိတ္ထီလာစစ်ဆင်ရေးထဲ စစ်ကောင်စီဗိုလ်မှူးအချို့ သေဆုံးခဲ့ပြီး Y-12 နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ MOD ထုတ်ပြန်

နိုဝင်ဘာလ (၁၈)ရက်။

နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် (၄)နာရီခွဲက မိတ္ထီလာမြို့နယ် စစ်ဆင်ရေးအနေနဲ့ ပစ်မှတ် (၇)ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီပစ်မှတ် (၇)ခုဟာ အမှတ်(၁၀) စစ်တပ်အကြီးစားစက်ရုံရှိ အရာရှိရိပ်သာ၊ လေတပ်စခန်းက အရာရှိအိမ်ရာတွေ၊ ခဲယမ်းသိုလှောင်ရုံ၊ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်ရှိ အရာရှိရိပ်သာတွေ၊ ရေဒါစခန်းနဲ့ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ရေးဆိုင်ရာ ပစ်မှတ် (၇)ခုကို မှတ်ပုံတင်တိုက်ခိုက်တဲ့ (၁၁၁၁) ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအနေနဲ့ ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးထဲ ဗိုလ်မှူး (၂)ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 နှစ်စီး ထိခိုက်ပျက်စီးခဲ့ကာ လေယာဉ်အပိုပစ္စည်းထားတဲ့ အလုပ်ရုံတစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ဘက်ဆိုင်ရာသုံး စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့ကာ အထူးစစ်ဆင်ရေးကို MOD ရဲ့ ကူညီထောက်ပံ့တာ၊ ရှားထူးဝေါနည်းပညာအဖွဲ့ရဲ့ ကူညီတာနဲ့ မိတ္ထီလာပကဖနဲ့ ဒရုန်းအဖွဲ့၊ မိတ္ထီလာခရိုင်တပ်ရင်း (၃)၊ (၁၈၂၅) စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း(၈)နဲ့ အခြားအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 14 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 40 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 34 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 39 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့