နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာရှလမ်းပေါ် စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့တိုက်ခိုက်

အာရှလမ်းပေါ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး (၁၅)ဦးထက်မနည်းသေဆုံးခဲ့

ဧပြီလ (၁၉)ရက်။

ဧပြီလ (၁၆)ရက်နေ့က မြ၀တီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြ၀တီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီလက်အောက်ခံ အောင်ဇေယျစစ်ကြောင်းတည်ရှိတဲ့ အာရှလမ်းမပေါ်က တံတားကူးနေရာကို PDF လက်အောက်ခံ ကျားဖြူစစ်ကြောင်း ဒရုန်းတပ်ဖွဲ့က Drop ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ အထိအခိုက်အကျအဆုံး များပြားခဲ့ကာ (၁၅)ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။

မြ၀တီမြို့ကို ပြန်ရယူနိုင်ဖို့ စစ်ကောင်စီဘက်က မြေပြင်ကနေ ထိုးစစ်ဆင်နေပေမယ့် အထိနာနေတဲ့အတွက် ရှေ့ဆက်မတိုးနိုင်တာကြောင့် လေကြောင်းပစ်ကူနဲ့သာ အပြင်းအထန်ပြုလုပ်နေတာပါ။

ဧပြီလ (၁၈)ရက်နေ့ကလဲ ကော့ကရိတ်မြို့ဘက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးခဲ့ရပြီး မောင်းမကျေးရွာအုပ်စုနဲ့ ကော့နွဲ့ကျေးရွာအုပ်စုက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 25 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 32 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 32 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 36 Views
မတ်လ (၁၁)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို
မြန်မာသတင်း

ရွှေပေါက္ကံမှာ ရန်ဖြစ်တာကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ကားတိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 29 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဖြစ်တာက (၁၂)ဈေးနားမှာ၊ ရန်ဖြစ်တဲ့အဖွဲ့ကို ရခတွေက ဝင်ဖြေရှင်းပေးရင်း
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 36 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ (၃၀၀)ကျော်ကို အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲတွေနဲ့
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 39 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မတ်လ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 26 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်