နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြစ်ကြီးနားအကျဉ်းထောင်ထဲ ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခံရ

ဧပြီလ (၁၉)ရက်။

မနေ့က မြစ်ကြီးအကျဉ်းထောင်ထဲ ဆန္ဒပြမှုဖြစ်ပွားကာ စစ်ကောင်စီလက်အောက်ခံတွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ထဲ ဆန္ဒပြမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ အသေးစိတ်မသိရသေးဘဲ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ အကျဉ်းဦးစီးဘက်က ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ်။

အခုအခါ အကျဉ်းထောင်ထဲ ဆန္ဒပြမှုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ထဲက အကျဉ်းသားတွေဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းအမိန့်က မျှတမှုမရှိတာကြောင့် နေ့လယ်ပိုင်းအချိန်ကစပြီး ဆန္ဒပြခဲ့ကာ အာဏာပိုင်တွေဘက်က ညပိုင်းမှာ ပစ်ခတ်ခဲ့တာလို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူအချို့က ပြောဆိုထားပါတယ်။

ထောင်ထဲဆန္ဒပြမှုကြောင့် ပစ်ခတ်ဖြိုခွင်းခံရတဲ့အထဲ အကျဉ်းသားအချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့ကာ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောဆိုနေကြပေမယ့် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါ။

နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးတဲ့အထဲ မြစ်ကြီးနားထောင်က နိုင်/ကျဉ်း (၃)ဦးပါ၀င်ခဲ့ပေမယ့် KBC ရဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့
မြန်မာသတင်း

ဆောမြိုနယ်ထဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ်
မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊
မြန်မာသတင်း

ရွှေဈေးကစားတယ်ဆိုပြီး ရန်ကုန်ရွှေရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌအပါအဝင် (၃)ဦးကို စစ်ကော်မရှင်ဖမ်းဆီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၆)ရက်။ ပြည်တွင်းရွှေဈေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတိုကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ (၃)ဦးဟာ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊
မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 46 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီအား ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော အစားထိုးအစိုးရအဖြစ် ဖွဲ့စည်းခဲ့သော်လည်း
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 42 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ (၅)နာရီ (၄၀)မိနစ်လောက်မှာ မြောက်ဆည်ရွာအရှေ့ထိပ်ကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ပေါင်(၂၀၀)ဗုံးကော၊
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့