နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသတွင် ဓားစာခံ ၃ ဦး၏ ရုပ်အလောင်းများကို အစ္စရေးစစ်တပ်က ရရှိထားဟုဆို

+++++++++++++++++++++++++++++++++++++++++

ဂါဇာကမ်းမြောင်ဒေသတွင် ဓားစာခံ ၃ ဦး၏ ရုပ်အလောင်းများကို အစ္စရေးစစ်တပ်က ရရှိထားပြီး အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုအတွင်း ၎င်းတို့သည် သေဆုံးသွားပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဂါဇာကမ်းမြောင်သို့ သယ်ဆောင်သွားကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အလောင်းများကို မည်သည့်နေရာတွင် တွေ့ရှိကြောင်း စစ်တပ်က ပြောကြားခြင်း မရှိပေ။ လက်ရှိတွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာကို ကျူးကျော်တိုက်ခိုက်နေပြီး ၎င်းနေရာသည် ဟားမတ်စ်တို့၏ နောက်ဆုံးအမာခံနယ်မြေဖြစ်ပြီး ဓားစာခံများကို ထိုနေရာတွင် ထိန်းသိမ်းထားကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အစ္စရေးတောင်ပိုင်းတွင် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ပြီး ၂၅၀ ခန့်ကို ဟားမတ်စ်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ ဓားစာခံ ထက်ဝက်ခန့်သည် နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း လွတ်မြောက်ခဲ့သည်။ ဟားမတ်စ်စစ်သွေးကြွများသည် ဓားစာခံ ၁၀၀ ခန့်နှင့် အခြား ၃၀ ကျော်၏ ရုပ်ကြွင်းများကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပိတ်မိနေသော ပါလက်စတိုင်း ၂.၃ သန်းအတွက် တိုက်ပွဲများ ပြင်းထန်မှုနှင့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်မှု ဝင်ပေါက်ဂိတ်များကို အစ္စရေးက ကန့်သတ်မှုများကြောင့် ရိက္ခာနှင့် အခြားအရေးကြီးသော ထောက်ပံ့မှုများကို ပို့ပေးရန် အနှောင့်အယှက် အတားအဆီး ဖြစ်စေခဲ့သည်။

ဂါဇာကမ်းရိုးတန်းရှိ အသစ်တည်ဆောက်ထားသော အမေရိကန်ရေပေါ်ဆိပ်ခံမှတစ်ဆင့် ပေးပို့သည့် ပထမဆုံးအကူအညီကို သောကြာနေ့တွင်ပေးပို့ခဲ့သည်။ သို့သော်လည်း အမေရိကန်နှင့် အကူအညီပေးရေးအဖွဲ့များက ပင်လယ်ပြင်မှဆောက်လုပ်သည့်ဆိပ်ခံစင်္ကြံန်သည် ဂါဇာတွင် လိုအပ်သော အစာ၊ ရေနှင့် လောင်စာအားလုံးကို ယူဆောင်လာနိုင်သည့်မြေပြင်မှ ပို့ဆောင်မှုအတွက် အစားထိုးရန်မဟုတ်ကြောင်း သတိပေးထားသည်။ ပါလက်စတိုင်း ၁.၁ သန်းခန့်သည် ငတ်မွတ်ခေါင်းပါးမှုဘေးတွင်ကျရောက်ရန် ရှိနေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးက ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းစွပ်စွဲခြင်းကို အစ္စရေးကပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး ဂါဇာတွင် စစ်ဆင်ရေးအတွင်း အရပ်သားများကို ကာကွယ်ရန် တတ်နိုင်သမျှ စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်နေကြောင်း အစ္စရေးက သောကြာနေ့တွင်ပြောဆိုခဲ့သည်။ တောင်အာဖရိကနိုင်ငံသည် အပစ်အခတ်ရပ်စဲအမိန့်ကိုထုတ်ပြန်ဖို့ နိုင်ငံတကာတရားရုံးကို တောင်းဆိုထားသည်။

ဂါဇာတွင် ခုနစ်လကြာ အစ္စရေး၏ စစ်ပွဲကြောင့် လူ ၃၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း ဒေသတွင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂါဇာမြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ ပဋိပက္ခအတွင်း အစောပိုင်းက အစ္စရေးတို့သိမ်းပိုက်ထားသော နယ်မြေများတွင် ဟားမတ်စ်များ ပြန်လည်စုရုံးလာခဲ့သည်။

လတ်တလောအခြေအနေ

++++++++++++++

အစ္စရေး၏ ချေမှုန်းတိုက်ခိုက်နေမှုကြောင့် ဂါဇာရှိ ဆေးရုံတွင် အမေရိကန်နှင့် နိုင်ငံတကာ စေတနာ့ဝန်ထမ်း ဆရာဝန်များ ပိတ်မိနေသည်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို ကာကွယ်ရန် တတ်နိုင်သမျှ လုပ်ဆောင်နေကြောင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွဲချက်များကို ငြင်းဆိုထားသည်။

ဂါဇာရှိကလေးများအတွက်၊ စစ်ပွဲဟူသည် ကျောင်းမရှိသည့် အဓိပ္ပါယ်ဖြစ်ပြီး တရားဝင်သင်ယူမှု မည်သည့်အချိန် ပြန်ဖြစ်လာမည်ကို အရိပ်အယောင် မရှိပေ။

ဂါဇာကမ်းမြောင်တွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ဟစ်ဇ်ဘိုလာသည် အစ္စရေးအား လက်နက်အသစ်များနှင့် နည်းဗျူဟာအသစ်များကို သုံး၍တိုက်ခိုက်လာသည်။

နိုင်ငံတကာဘောလုံးပွဲမှ အစ္စရေးကို ဆိုင်းငံ့ထားရန် ပါလက်စတိုင်းအဆိုပြုချက်နှင့်ပတ်သက်၍ ဖီဖာမှ ဥပဒေအရအကြံဉာဏ်ရယူရန် ရှာဖွေနေသည်။

Source: CNN

ဓာတ်ပုံ။

CNN က ရရှိထားသည့် အစ္စရေးစစ်တပ်က ရရှိထားသည်ဟုဆိုသည့် ရုပ်အလောင်းများ၏ အသက်ရှင်လျက်ရှိစဉ်က ဓာတ်ပုံများ

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ