နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းတိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားဒေသရှိ ရုရှားစစ်လေယာဉ်သုံးစင်း ပျက်စီးခဲ့ကြောင်း အမေရိကန်ဂြိုဟ်တုကုမ္ပဏီ Maxar ထုတ်ပြန်

++++++++++++++++++++++++++++++++++++++++++++++

ရုရှားတို့ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ယူကရိန်းရဲ့ တာဝေးပစ်လက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ရုရှားစစ်လေယာဉ်သုံးစင်းနဲ့ လောင်စာစက်ရုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း အမေရိကန်အာကာသနည်းပညာကုမ္ပဏီ Maxar က ထုတ်ပြန်ခဲ့ပါတယ်။

မေ ၁၆ ရက်နေ့က ရိုက်ကူးခဲ့သည့် ဂြိုဟ်တုဓာတ်ပုံကို ရည်ညွှန်းဖော်ပြခဲ့ပြီး အဲ့ဒီဓာတ်ပုံထဲမှာ MiG-31 တိုက်လေယာဉ်နှစ်စင်းနဲ့ Su-27 တိုက်လေယာဉ်တစ်စင်း ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။ MiG-29 တိုက်လေယာဉ်တစ်စင်းလည်း ထိခိုက်ပျက်စီးခဲ့ဖွယ်ရှိတယ်လို့ Maxar ကုမ္ပဏီက ပြောဆိုထားပါတယ်။ ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူး။

ခရိုင်းမီးယားဒေသကို ယူကရိန်းက ညအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ATACMS တာဝေးပစ်ဒုံးကျည်ငါးစင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက မေ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

မေလ (၁၅) ရက်နေ့ကလည်း ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ATACMS တာဝေးပစ်ဒုံးကျည် ၁၀ စင်းကို ခရိုင်းမီးယားဒေသမှာ ပစ်ချခဲ့တယ်လို့ ရုရှားက ပြောဆိုထားပါတယ်။

ယူကရိန်းက ရှေ့တန်းစစ်မျက်နှာပြင်နဲ့ အလှမ်းကွာဝေးတဲ့နေရာတွေမှာရှိတဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက်ပစ်မှတ်တွေကို တာဝေးပျံသန်းနိုင်တဲ့ဒရုန်းတွေအိမ်း တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်မှုတွေကို တိုးမြှင့်ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ခရိုင်းမီးယားနဲ့ ပင်လယ်နက်မှာ ယူကရိန်းရဲ့ ဒရုန်းအစင်းရေ ၁၀၀ ကျော်ကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ မေလ (၁၇) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ။

မေလ (၁၆) ရက်နေ့က Maxar ကုမ္ပဏီက ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံတွင် ခရိုင်းမီးယားဒေသရှိ ရုရှားလေတပ်စခန်းတွင် စစ်လေယာဉ်များနှင့် လောင်စာသိုလောင်ရုံတစ်ခု ပျက်စီးနေသည်ကို တွေ့ရစဉ် (Photo: AFP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 12 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 20 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်