နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းတိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားဒေသရှိ ရုရှားစစ်လေယာဉ်သုံးစင်း ပျက်စီးခဲ့ကြောင်း အမေရိကန်ဂြိုဟ်တုကုမ္ပဏီ Maxar ထုတ်ပြန်

++++++++++++++++++++++++++++++++++++++++++++++

ရုရှားတို့ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ယူကရိန်းရဲ့ တာဝေးပစ်လက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ရုရှားစစ်လေယာဉ်သုံးစင်းနဲ့ လောင်စာစက်ရုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း အမေရိကန်အာကာသနည်းပညာကုမ္ပဏီ Maxar က ထုတ်ပြန်ခဲ့ပါတယ်။

မေ ၁၆ ရက်နေ့က ရိုက်ကူးခဲ့သည့် ဂြိုဟ်တုဓာတ်ပုံကို ရည်ညွှန်းဖော်ပြခဲ့ပြီး အဲ့ဒီဓာတ်ပုံထဲမှာ MiG-31 တိုက်လေယာဉ်နှစ်စင်းနဲ့ Su-27 တိုက်လေယာဉ်တစ်စင်း ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။ MiG-29 တိုက်လေယာဉ်တစ်စင်းလည်း ထိခိုက်ပျက်စီးခဲ့ဖွယ်ရှိတယ်လို့ Maxar ကုမ္ပဏီက ပြောဆိုထားပါတယ်။ ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူး။

ခရိုင်းမီးယားဒေသကို ယူကရိန်းက ညအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ATACMS တာဝေးပစ်ဒုံးကျည်ငါးစင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက မေ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

မေလ (၁၅) ရက်နေ့ကလည်း ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ATACMS တာဝေးပစ်ဒုံးကျည် ၁၀ စင်းကို ခရိုင်းမီးယားဒေသမှာ ပစ်ချခဲ့တယ်လို့ ရုရှားက ပြောဆိုထားပါတယ်။

ယူကရိန်းက ရှေ့တန်းစစ်မျက်နှာပြင်နဲ့ အလှမ်းကွာဝေးတဲ့နေရာတွေမှာရှိတဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက်ပစ်မှတ်တွေကို တာဝေးပျံသန်းနိုင်တဲ့ဒရုန်းတွေအိမ်း တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်မှုတွေကို တိုးမြှင့်ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ခရိုင်းမီးယားနဲ့ ပင်လယ်နက်မှာ ယူကရိန်းရဲ့ ဒရုန်းအစင်းရေ ၁၀၀ ကျော်ကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ မေလ (၁၇) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ။

မေလ (၁၆) ရက်နေ့က Maxar ကုမ္ပဏီက ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံတွင် ခရိုင်းမီးယားဒေသရှိ ရုရှားလေတပ်စခန်းတွင် စစ်လေယာဉ်များနှင့် လောင်စာသိုလောင်ရုံတစ်ခု ပျက်စီးနေသည်ကို တွေ့ရစဉ် (Photo: AFP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ