နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ

AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ

++++++++++++++++++++

ယူကရိန်းနည်းပညာကုမ္ပဏီတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ရာမှာ အသာစီးရစေဖို့အတွက် ဒရုန်းတွေမှာ ဉာဏ်ရည်တုလို့ခေါ်တဲ့ AI နည်းပညာတွေထည့်သွင်းတီထွင်လာကြပါတယ်။ ယူကရိန်းအစိုးရဟာ AI နည်းပညာကြောင့် ရုရှားတွေ တားဆီးထားတဲ့ Jammar တွေကို ကျော်ဖြတ်ပြီး ဒရုန်းတွေ ရှေ့တန်းစစ်မျက်ပြင်အထိ သွားရောက်နိုင်ဖို့နဲ့ မောင်းသူမဲ့လေယာဉ်တွေကို ဝေဟင်မှာ အစုလိုက်အပြုံလိုက် အသုံးပြုနိုင်ဖို့ကိုလည်း မျှော်လင့်နေကြတာပါ။

ယူကရိန်းက AI နည်းပညာအသုံးပြုထားတဲ့ ဒရုန်းတွေဟာ ပစ်မှတ်ကို ခွဲခြားသတ်မှတ်ခြင်း၊ ပစ်မှတ်ထဲကို ဝင်ရောက်ပျံသန်းနိုင်ခြင်း၊ လမ်းကြောင်းပြနိုင်ခြင်းနဲ့ အပြန်အလှန်ချိတ်ဆက်ထားတဲ့  Swarmar ပရိုဂရမ်တွေနဲ့ ပေါင်းစပ်အလုပ်နိုင်ခြင်းစတဲ့ နည်ပညာတွေ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပါတယ်။

Swarmar ဆိုတာ လူသားတွေရဲ့ ထိန်းချုပ်နိုင်စွမ်းထက် သာလွန်ပြီး ဒရုန်းအများအပြားကို ချိတ်ဆက်ပေးတဲ့ ဆော့ဖ်ဝဲလ်တွေကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲဒီ AI နည်းပညာတွေအရ လူတစ်ယောက်ဟာ ခြေလှမ်း လှမ်းလိုက်တာနဲ့ ဒရုန်းက ချက်ချင်း ပစ်မှတ်ထားပြီး အလိုလျောက်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

Swarmar ကုမ္ပဏီရဲ့ CEO ကူပရီယန်ကိုက သူတို့ဆော့ဖ်ဝဲတွေရဲ့ အလုပ် လုပ်ပုံကို အခုလို ရှင်းပြပါတယ်။

“ ကိုယ့်နေရာကို ဒရုန်း 25 စင်း ချဉ်းကပ်လာပြီဆိုရင် တစ်ချက်တည်းနဲ့ 25 စင်းစလုံးကို ပစ်ချလို့မရဘူး၊ AI နည်းပညာသုံးထားပြီဆိုရင် ဒရုန်တစ်စင်း ပစ်ချခံရပြီဆိုတာနဲ့ အခြားဒရုန်းတွေအားလုံး လမ်းကြောင်းပြောင်းပြီး ပစ်တဲ့နေရာကို ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်ကြလိမ့်မယ်။ ဒါကြောင့်လည်း အနောက်နိုင်ငံတွေရဲ့ စစ်တပ်တိုင်းဟာ ဆယ်စုနှစ်တစ်ခုစာ မဟာဗျူဟာအနေနဲ့ Swarmar တွေကို အသုံးပြုနေကြတာဖြစ်ပါတယ်”

Styx လို့ ခေါ်တဲ့ ဆော့ဖ်ဝဲဟာ ကွန်ယက်ဖြန့်ပြီး ကင်းထောက်နိုင်သလို ဒရုန်းတွေကို မြေပြင်နဲ့ ဝေဟင်ပေါ်မှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ညွှန်ကြားနိုင်ပါတယ်။ အဲဒီဆော့ဖ်ဝဲလ်ကိုတော့ ပိုပြီးကောင်းမွန်လာအောင် စစ်မြေပြင်မှာ စမ်းသပ်နေဆဲဖြစ်ပါတယ်။

Yaryk ရဲ့ ဝန်ထမ်းတစ်ဦးက ဆော့ဖ်ဝဲလ်အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။

“ အခု ဒရုန်းက ဆော့ဖ်ဝဲလ်ကိုအသုံးပြုပြီး Autopilot Mode မှာ ပျံသန်းနေပါတယ်။ ကျတော်တို့က သူ့ကို ပျံသန်းရမယ့် လမ်းကြောင်း ညွှန်ကြားထားသလို မသွားရမယ့်နေရာတွေကိုလည်း သတ်မှတ်ပေးထားတယ်။ အခုပျံသန်းနေတာက ကန့်သတ်နယ်မြေအတွင်းမှာပဲ ပျံသန်းနေတာဖြစ်ပါတယ်”

ရုရှားနဲ့ ယူကရိန်းတို့ဟာ ဒရုန်းတွေကို ဟန့်တားတဲ့ Jammar နည်းပညာတွေကို အပြိုင်အဆိုင် အသုံးပြုနေတာကြောင့် AI နည်းပညာမပါတဲ့ ဒရုန်းအသုံးပြုမှုနှုန်းဟာ သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ မိုင်ရာချီဝေးတဲ့ ရုရှားနိုင်ငံအတွင်းက စစ်ဘက်ဆိုင်ရာအဆောက်အဦတွေနဲ့ ရေနံချက်စက်ရုံတွေကို ပစ်ခတ်နိုင်တဲ့ ယူကရိန်းရဲ့ တာဝေးပစ်မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေဟာ Swarmar နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့် လူသားတွေထိန်းချုပ်မှုမရှိတဲ့ လက်နက်တွေအသုံးပြုမှုဟာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေအတွက် စိုးရိမ်စရာတစ်ခုဖြစ်နေပါတယ်။ အဲဒီစနစ်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖျက်ရာရောက်ကြောင်း ဥရောပပါလီမန်ရဲ့ 2020 သုတေသနစာတမ်းတစ်ခုက သတိပေးထားတယ်လို့ သိရပါတယ်ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 76 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 53 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”