နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချဲ့ချထား

အောက်တိုဘာလ (၁၉)ရက်။

အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် စစ်ကောင်စီက ဧရာဝတီတိုင်း ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ လုံခြုံရေးအင်အား တိုးချဲ့ချထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ရခိုင်မှာ တိုက်ပွဲတွေကြောင့် စကစက ရခိုင်နဲ့ ငါးသိုင်းချောင်းကြားက လုံခြုံရေးဂိတ်တွေမှာ အင်အားတိုးချဲ့ချထားတာပါ။ နောက်ပြီး ဧရာဝတီတိုင်းဘက် စစ်ရှောင်လာသူတွေကို စစ်ဆေးတာတွေနဲ့ မသင်္ကာရင် ဖမ်းတာပါရှိတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ရခိုင်ဒေသထဲ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဧရာဝတီတိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်လာသူတွေ များပြားလာပြီး စစ်ကောင်စီတပ်က မှတ်ပုံတင် တောင်းယူစစ်ဆေးတာနဲ့ မသင်္ကာရင် ဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။

“ ရေနံ့သာဂိတ်မှာ အကြမ်းဖက်စခတွေက မှတ်ပုံတင်တွေပါ တောင်းပြီး စစ်ဆေးတာ။ မသင်္ကာတဲ့သူတွေဆိုရင် AA နဲ့ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြပြီး ဖမ်းဆီးထောင်ချနေတာ” လို့ သူက ဆက်ပြောပါတယ်။

အခုလ ပထမအပတ်ထဲ ရခိုင်ဘက်က စစ်ဘေးတိမ်းရှောင်လာတဲ့ မိသားစုဝင် (၅)ဦးကို ရေနံ့သာဂိတ်မှာ စစ်ကောင်စီတပ်က စစ်ဆေးပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ရေကြည်တရားရုံးကနေ ထောင်ဒဏ် (၆)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဘေးရှောင်လာတဲ့ မိသားစုဝင်ထဲက အမျိုးသားဖြစ်သူကို အာရက္ခတပ်တော်(AA)နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး အကြောင်းပြကာ စစ်ကောင်စီတပ်က ဖမ်းဆီးထောင်ချခဲ့ပြီး ကျုံပျော်ခရိုင်ကို ဆက်လက်လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁၄)ရက်နေ့ ညပိုင်းအချိန်ကလဲ ငါးသိုင်းချောင်းမြို့မှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး AA တပ်ဖွဲ့ဝင်တွေဆိုကာ အမျိုးသား (၂)ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

မြဝတီ-ဝေါလေကားလမ်းက စစ်ကောင်စီ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 4 Views
အောက်တိုဘာလ (၂၀)ရက်။ ဒီကနေ့ မြဝတီမြို့ ဘလယ်ဒိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ Cobra Column
မြန်မာ့နိုင်ငံရေး

စစ်မှုထမ်းအပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီခေါ်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 3 Views
အောက်တိုဘာလ (၁၉)ရက်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီက ခေါ်ယူနေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ
မြန်မာ့နိုင်ငံရေး

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရ‌တွေအနေနဲ့ ကန့်ကွက်ဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 20 Views
အောက်တိုဘာလ (၁၂)ရက်။ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာလ (၁၀)ရက်က ဩစတြေးလျနိုင်ငံမှာ တွေ့ဆုံချိန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နိုင်ငံရေး

ပြည်သူအပေါ် စာနာပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံဖိတ်ခေါ်တာဆိုပြီး စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 39 Views
စက်တင်ဘာလ (၂၉)ရက်။ ပြည်သူအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ ‌မေတ္တာရပ်ခံဖိတ်ခေါ်တာလို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းထားတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့ ဒေသတော်တော်များများမှာ ရေကြီးရေလျှံတဲ့ဒဏ်နဲ့ သဘာ၀ဘေးဒဏ် ခံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေး အာရှ

မြန်မာ့တော်လှန်ရေးကို အိန္ဒိယက စိတ်ဝင်စားလာပြီလား။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 48 Views
စက်တင်ဘာလ (၂၅) ရက်။ စက်တင်ဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး
မြန်မာ့နိုင်ငံရေး

ရေဦးမြို့မှာ ရပ်ကျေးပကဖထောင်ထားတဲ့မိုင်း ချို့ယွင်းပေါက်ကွဲကာ ခရီးသည်တင်ကားတစ်စီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 113 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ရေဦးနယ်တောင်ဘက်ခြမ်းမှာ ခရီးသည်တင်ကားတစ်စီး မိုင်းစထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်ခွေးအုပ်စုရန်ကို ကာကွယ်ဖို့ ရပ်ကျေးပကဖရဲဘော်တွေ ထောင်ထားတဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 121 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။ “ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့
မြန်မာ့နိုင်ငံရေး

တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 51 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၇)ဦးသေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နမ့်ခမ်းမြို့၊ ဟိုကတ်ရပ်ကွက်ရှိ ညဈေးတန်းနဲ့ ကျားဖြူခန်းမကို စစ်ကောင်စီက