နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချဲ့ချထား

အောက်တိုဘာလ (၁၉)ရက်။

အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် စစ်ကောင်စီက ဧရာဝတီတိုင်း ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ လုံခြုံရေးအင်အား တိုးချဲ့ချထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ရခိုင်မှာ တိုက်ပွဲတွေကြောင့် စကစက ရခိုင်နဲ့ ငါးသိုင်းချောင်းကြားက လုံခြုံရေးဂိတ်တွေမှာ အင်အားတိုးချဲ့ချထားတာပါ။ နောက်ပြီး ဧရာဝတီတိုင်းဘက် စစ်ရှောင်လာသူတွေကို စစ်ဆေးတာတွေနဲ့ မသင်္ကာရင် ဖမ်းတာပါရှိတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ရခိုင်ဒေသထဲ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဧရာဝတီတိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်လာသူတွေ များပြားလာပြီး စစ်ကောင်စီတပ်က မှတ်ပုံတင် တောင်းယူစစ်ဆေးတာနဲ့ မသင်္ကာရင် ဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။

“ ရေနံ့သာဂိတ်မှာ အကြမ်းဖက်စခတွေက မှတ်ပုံတင်တွေပါ တောင်းပြီး စစ်ဆေးတာ။ မသင်္ကာတဲ့သူတွေဆိုရင် AA နဲ့ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြပြီး ဖမ်းဆီးထောင်ချနေတာ” လို့ သူက ဆက်ပြောပါတယ်။

အခုလ ပထမအပတ်ထဲ ရခိုင်ဘက်က စစ်ဘေးတိမ်းရှောင်လာတဲ့ မိသားစုဝင် (၅)ဦးကို ရေနံ့သာဂိတ်မှာ စစ်ကောင်စီတပ်က စစ်ဆေးပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ရေကြည်တရားရုံးကနေ ထောင်ဒဏ် (၆)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဘေးရှောင်လာတဲ့ မိသားစုဝင်ထဲက အမျိုးသားဖြစ်သူကို အာရက္ခတပ်တော်(AA)နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး အကြောင်းပြကာ စစ်ကောင်စီတပ်က ဖမ်းဆီးထောင်ချခဲ့ပြီး ကျုံပျော်ခရိုင်ကို ဆက်လက်လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁၄)ရက်နေ့ ညပိုင်းအချိန်ကလဲ ငါးသိုင်းချောင်းမြို့မှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး AA တပ်ဖွဲ့ဝင်တွေဆိုကာ အမျိုးသား (၂)ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 16 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 34 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 63 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 274 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က မနေ့က NCA (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 456 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 535 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို ဒုတိယမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့ရှုထောင့်တွေကနေ တဆက်တည်း ဆွေး‌နွေး ထားကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 445 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 522 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့