နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

ရေဦးနဲ့ တန့်ဆည်မှာ စစ်ကောင်စီတပ်က အိမ်ခြေ (၁၇၀)ကျော် မီးရှို့ဖျက်ဆီးခဲ့

နိုဝင်ဘာလ (၁၉)ရက်။

နိုဝင်ဘာလ (၁၇)ရက်နေ့က ရေဦးနဲ့ တန့်ဆည်မြို့ရှိ ကျေးရွာ (၉)ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ရေဦးအနောက်ခြမ်းက ရွာတွေနဲ့ တန့်ဆည်အရှေ့ခြမ်းက ရွာတွေကို အကြမ်းဖက်စစ်ခွေးတွေက မီးရှို့ဖျက်ဆီးခဲ့တာပါ။ စုစုပေါင်းအိမ်ခြေ (၁၇၃)အိမ် မီးလောင်ပြာကျပျက်စီးခဲ့ရပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေဦးအနောက်ခြမ်းက ကျေးရွာ (၇)ရွာနဲ့ တန့်ဆည်အရှေ့ခြမ်းက ကျေးရွာ (၂)ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ (၁၇၃)အိမ် မီးလောင်ပြာကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဆီဆုံရွာအပါအဝင် ပန်းကုံး-မူးဆုံကားလမ်းဘေးက ဈေးဆိုင်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးကြီးတစ်ဦးအပါအဝင် (၂)ဦး သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ရွာခံတွေရဲ့ ပြောဆိုချက်တွေအရ ရွာဗုကြီးရွာမှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူ (၃)ဦးရှိတယ်ဆိုပြီး ကနဦးဖော်ပြခဲ့တဲ့သတင်းဟာ သတင်းမှားဖြစ်တာကြောင့် မှားယွင်းစွာ ဖော်ပြမိခဲ့တဲ့အပေါ် PDC က တောင်းပန်ထားပါတယ်။

နိုဝင်ဘာလ (၁၆)ရက်နေ့ကစပြီး ကန့်ဘလူနယ်ရှိ ကာဘိုးအထိုင်ကနေ စစ်ကောင်စီတပ်ဟာ ကားတွေနဲ့ တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလှန်နဲ့ ငတန်းရွာဘက်ကို အင်အားချပေးခဲ့ပြီး အဲ့ဒီကနေတဆင့် ရေဦးနယ်မြောက်ဘက်ခြမ်းကို အင်အား (၁၈၀)ခန့်နဲ့ စီးနင်းဝင်ရောက်ခဲ့တာပါ။

ဒါ့အပြင် ကန့်ဘလူနယ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တစ်ရက်ထဲ ကျေးရွာ (၉)ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ တိုက်ခိုက်ရေးဒရုန်းတွေနဲ့လဲ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 43 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 79 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက
မြန်မာ့နိုင်ငံရေး

ဆီရီးယားလို အာဏာရှင်တွေ လက်မြှောက်အရှုံးပေးရအောင် NUG အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတတိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 65 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဆီရီးယားလို မြန်မာမှာ အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးရအောင် အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာရပ်နွေဦးတော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက်အရှုံးပေးသွားခဲ့ကြရတယ်ဆိုတာ
မြန်မာ့နိုင်ငံရေး

ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလလို့ UWSA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 74 Views
ဒီဇင်ဘာလ (၉)ရက်။ ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုပြီး သတင်းရေးသားနေကြတာတွေဟာ မဟုတ်မမှန်တဲ့ ကောလာဟလသတင်းတွေလို့ UWSA က ဒီဇင်ဘာလ (၇)ရက်နေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ထိုင်းဘက်က “ ဝ” တပ်စခန်း (၉)ခုကို ဒီဇင်ဘာလ (၁၈)ရက်နေ့
မြန်မာ့နိုင်ငံရေး

အိန္ဒိယအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့နည်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အချို့ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 65 Views
ဒီဇင်ဘာ (၅)ရက်။ အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုကို တရားဝင်ဖိတ်ကြား တွေ့ဆုံပြီး တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာအရေးအပေါ် အိန္ဒိယအစိုးရရဲ့ ချဉ်းကပ်မှုနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ India
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

ပုလဲမြို့ကို စစ်ဆင်ရေး (၂)ရက်အကြာမှာ လေကြောင်းပစ်ကူတွေကြားကနေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့၊ တိုက်ပွဲထဲ BNRA ရဲဘော် (၉)ဦးကျဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 84 Views
နိုဝင်ဘာလ (၁၇)ရက်။ ပုလဲမြို့ကို စစ်ဆင်ရေးစတင်ခဲ့ပြီး (၂)ရက်အကြာမှာ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းပစ်ကူတွေကြားကနေ ထိန်းချုပ်နိုင်ခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲမြို့ကို စစ်ကောင်စီရဲ့ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်နဲ့
မြန်မာ့နိုင်ငံရေး

PDF တပ်ရင်းတွေအားလုံးအတွက် တစ်ကြိမ်ထောက်ပံ့ရင် ကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျတယ်လို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 87 Views
နိုဝင်ဘာလ (၁၃)ရက်။ PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့တာတစ်ကြိမ်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေအသုံးစရိတ်တွေကို ပို့တဲ့အခါမှာ လစဉ်ပို့ဆောင်တာမျိုးမဟုတ်ဘဲ