နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားတဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အသေဖမ်းမိ

ဒီဇင်ဘာလ (၁၉) ရက်။

ဘားအံအခြေစိုက် တပ်မ (၂၂) ယာယီတပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို မောင်တော ရှေ့တန်း နေရာတခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ကနေ ဆုတ်ခွာထွက်ပြေးစဉ် အာရက္ခတပ်တော် (AA) က အသေဖမ်းဆီးရမိခဲ့တယ်လို့ AA က မနေ့က ဒီဇင်ဘာလ (၁၈) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

နခခ (၅) ကို အာရက္ခတပ်တော်က ဒီဇင်ဘာလ (၈) ရက်နေ့ မနက် (၉) နာရီ (၃၀) မိနစ်အချိန်မှာ မောင်တောမြို့မှာ တစ်ခုတည်းကျန်ရှိနေခဲ့သော နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ပြီးချိန်မှာ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး ဦးစီးတဲ့ တပ်မ (၂၂) ရှေ့တန်းရုံးအဖွဲ့ဟာ လက်နက်မချဘဲ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးနေခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

နခခ(၅) ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီး (၉) ရက်ခန့်အကြာ ဒီဇင်ဘာလ ၁၇ ရက် မွန်းတည့် (၁၂) နာရီမှာ ထွက်ပြေးနေတဲ့ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို မောင်တောမြိုနယ်၊ ရွှေဇား ကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲအတွင်းမှာ အသေဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြတဲ့ ဒေသခံမူဆလင်တွေရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေချိန် စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတွေထောင်ထားခဲ့တဲ့မိုင်းကို နင်းမိပြီး ဆေးကုသဖို့ ဆောင်ရွက်နေချိန် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

AA က လိုက်လံရှင်းလင်းစဉ် ပုစွန်ကန် တဲအတွင်း ဗိုလ်မှူးကြီး အောင်နေမျိုး အလောင်းနဲ့အတူ အခေါက်ရွှေတုံး၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

နခခ(၅) ကို AA သိမ်းပိုက်နိုင်ခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းမှာ ဘူးသီးတောင်မြို (ကြခတ်ချောင်း) အခြေစိုက် စကခ-၁၅ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အဖွဲ့ကိုတော့ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်မှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာရယူထားတဲ့ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်ဟာ စစ်တပ်ရဲ့ အကြီးအကျယ် လာဘ်ပေးလာဘ်ယူ ထွန်းကားတဲ့နေရာ ဖြစ်ခဲ့ပြီး ရခိုင်ကနေ ပြန်လာရင် ရွှေငွေအမြောက်အများနဲ့ ချမ်းသာကြတဲ့ စစ်တပ်အရာရှိတွေ အများကြီး ရှိခဲ့ပေမယ့် ၂၀၂၃ နိုဝင်ဘာနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဟာ အကြီးမားဆုံး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရပြီး လာဘ်ထွန်းကားရာနေရာကနေ စစ်သင်္ချိုင်းကို ပြောင်းသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ။

AA Info Desk

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 39 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 15 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 14 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 15 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 17 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 35 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 45 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပျူစောထီး မောင်ဆန်းကို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 48 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းမှာ ခွေးတပ်မတော်နေ့ ကျင်းပတဲ့နေရာကို ၁၀၇မမ ရှော့တိုက်ဒုံး