နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားတဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အသေဖမ်းမိ

ဒီဇင်ဘာလ (၁၉) ရက်။

ဘားအံအခြေစိုက် တပ်မ (၂၂) ယာယီတပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို မောင်တော ရှေ့တန်း နေရာတခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ကနေ ဆုတ်ခွာထွက်ပြေးစဉ် အာရက္ခတပ်တော် (AA) က အသေဖမ်းဆီးရမိခဲ့တယ်လို့ AA က မနေ့က ဒီဇင်ဘာလ (၁၈) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

နခခ (၅) ကို အာရက္ခတပ်တော်က ဒီဇင်ဘာလ (၈) ရက်နေ့ မနက် (၉) နာရီ (၃၀) မိနစ်အချိန်မှာ မောင်တောမြို့မှာ တစ်ခုတည်းကျန်ရှိနေခဲ့သော နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ပြီးချိန်မှာ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး ဦးစီးတဲ့ တပ်မ (၂၂) ရှေ့တန်းရုံးအဖွဲ့ဟာ လက်နက်မချဘဲ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးနေခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

နခခ(၅) ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီး (၉) ရက်ခန့်အကြာ ဒီဇင်ဘာလ ၁၇ ရက် မွန်းတည့် (၁၂) နာရီမှာ ထွက်ပြေးနေတဲ့ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို မောင်တောမြိုနယ်၊ ရွှေဇား ကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲအတွင်းမှာ အသေဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြတဲ့ ဒေသခံမူဆလင်တွေရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေချိန် စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတွေထောင်ထားခဲ့တဲ့မိုင်းကို နင်းမိပြီး ဆေးကုသဖို့ ဆောင်ရွက်နေချိန် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

AA က လိုက်လံရှင်းလင်းစဉ် ပုစွန်ကန် တဲအတွင်း ဗိုလ်မှူးကြီး အောင်နေမျိုး အလောင်းနဲ့အတူ အခေါက်ရွှေတုံး၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

နခခ(၅) ကို AA သိမ်းပိုက်နိုင်ခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းမှာ ဘူးသီးတောင်မြို (ကြခတ်ချောင်း) အခြေစိုက် စကခ-၁၅ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အဖွဲ့ကိုတော့ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်မှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာရယူထားတဲ့ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်ဟာ စစ်တပ်ရဲ့ အကြီးအကျယ် လာဘ်ပေးလာဘ်ယူ ထွန်းကားတဲ့နေရာ ဖြစ်ခဲ့ပြီး ရခိုင်ကနေ ပြန်လာရင် ရွှေငွေအမြောက်အများနဲ့ ချမ်းသာကြတဲ့ စစ်တပ်အရာရှိတွေ အများကြီး ရှိခဲ့ပေမယ့် ၂၀၂၃ နိုဝင်ဘာနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဟာ အကြီးမားဆုံး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရပြီး လာဘ်ထွန်းကားရာနေရာကနေ စစ်သင်္ချိုင်းကို ပြောင်းသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ။

AA Info Desk

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 13 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 12 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 22 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 42 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့ တွေ့ဆုံချိန်‌ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ မဲမသမာတာတွေကြောင့် နိုင်ငံကို