နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းအတိုက်အခံခေါင်းဆောင် ပီတာလင်ဂျာရိုရတ်နဲ့ တွေ့ဆုံခြင်း

ဒီဇင်ဘာလ (၁၉) ရက်။

ထိုင်းအတိုက်အခံခေါင်းဆောင် ပီတာလင်ဂျာရိုရတ် တိုကျိုကို လာရောက်စဉ် ခဏတာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဲ့ဒီလို ခဏတာ တွေ့ဆုံခဲ့ရာမှာ ခေတ်မျက်လုံးရဲ့ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်က မေးခွန်းမေးမြန်းခွင့်ရခဲ့ပါတယ်။ ပီတာဟာ မြန်မာနိုင်ငံအရေးကို ကျွမ်းကျွမ်းကျင်ကျင် ဖြေဆိုပေးခဲ့ပါတယ်။ အမေးအဖြေနှစ်ခုလုံး အင်္ဂလိပ်လိုဖြစ်တဲ့အတွက် အသံမှာ မြန်မာစာတမ်းထိုးပေးထားပါတယ်။

မေး။ “ကျွန်တော်ခင်ဗျားကို မေးချင်တဲ့မေးခွန်းကတော့ ထိုင်းနဲ့မြန်မာနှစ်နိုင်ငံလုံးမှာ တူညီတဲ့ ထွက်ပေါက်ပိတ်နေတဲ့သံသရာ (Dilemma) ရှိနေခဲ့ကြတယ်။ စစ်တပ်ကအာဏာကို ထိန်းချုပ်ထားတယ်။ စစ်တပ်က‌ ရေးဆွဲတဲ့ အ‌ခြေခံဥပဒေကလည်း စစ်တပ်ကို အာဏာဆက်လက် ဆုတ်ကိုင်ထားနိုင်ရေးဖြစ်တယ်။ အခုခင်‌ဗျားဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ လူများစုမဲကို ရခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား အစိုးရမဖွဲ့နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အထက်လွှတ်တော်ဆီးနိတ်ကြောင့်ဖြစ်တယ်။ ဆီနိတ်ကို စစ်အစိုးရက ခန့်အပ်ထားတာြဖစ်တာကြောင့်ပေါ့။ မြန်မာြပည်မှာလဲ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ခံ အစိုးရရှိတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာကိုပြန်လည်ရယူခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့မှာ တူညီတဲ့ ထွက်ပေါက်ပိတ်နေတဲ့သံသရာ (Dilemma) ရှိနေတယ်။ ရွေးကောက်ပွဲကနေတဆင့် ဒီမိုကရေစီစနစ်ကို သွားတဲ့ကိစ္စမှာ ထိုင်းအတွက် အတော့ကို အခက်အခဲရှိနေခဲ့တယ်။ ခင်ဗျားအနေနဲ့ ရွေးကောက်ပွဲကနေတဆင့် ဒီမိုကရေစီစနစ်ကိုသွားနိုင်မယ်လို့ ယုံကြည်နေတုံးပဲလား။

ဖြေ။ ကျွန်တော်တို့အနေနဲ့ ပြည်သူကိုပိုစည်းရုံးရပါ့မယ်။ အချိန်ဘယ်လောက်ကြာကြာ ကြိုးစားသွားမှာြဖစ်တယ်။ ကျွန်တော် အခုဟားဗတ်တက္ကသိုလ်မှာ ပညာသွားသင်တော့မှာကို မသင်တော့ဘူး လမ်းမပေါ်ထွက်မယ် ပြည်သူကို လှုံဆော်ပြီးဆန္ဒပြမယ်ဆိုရင် တိုင်းပြည်အုံကြွလာပြီး အစိုးရအကြပ်အတည်းဖြစ်လာမယ်။ တိုင်းပြည်စီးပွားရေးတွေ ကျဆင်းလာမယ်။ ပြည်သူတွေ ဒုက္ခရောက်မယ်။ အဲဒီအချိန်မှာ စစ်တပ်ကို ပြန်ဝင်လာဖို့ လမ်းဖွင့်ပေးသလို ဖြစ်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်က ရှည်လျားတဲ့လမ်းကိုရွေးခဲ့တယ်။ ကျွန်တော်အများကြီးငယ်သေးတယ်။ အချိန်စောင့်နိုင်တယ်၊ ခင်‌ဗျားက ပြောတယ် ကျွန်တော်တို့က ဒီသံသရာထဲမှာ အတူတူ လည်နေတယ်လို့ ဆိုပြီး ကြင်နာစွာ ပြောကြားခဲ့တယ်။ ဟုတ်တယ် ဘယ်လို ခံစားရတယ် ဘယ်လောက် နာကျင်ရသလဲဆိုတာ ကျွန်တော် သိတယ်။ မြန်မာပြည်သူတွေနဲ့ အကွဲကွဲအပြားပြားရှိနေတဲ့ တိုင်းရင်းသားအုပ်စုတွေ ခံစားနေရတာတွေကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ဟာ ကီလိုမီတာထောင်ချီတဲ့နယ်စပ်ရှိပြီး မြန်မာမှာ ချောင်းဆိုးနေခဲ့ရင် ထိုင်းမှာလဲ လာရောက် ကူးစက်တာပါပဲ။ ကျွန်တော်ရဲ့ စိတ်ဝင်စားမှုကတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ကို မြန်နိုင်သမျှ မြန်မြန်ပြန်သွားစေချင်တာပါ။ ဒါဆိုရင် အရာများစွာကို မြန်မာနိုင်ငံမှာ တည့်မတ်စေနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ မုန်းတိုင်းဘေးရန်ကနေ ထိုင်းနိုင်ငံထဲကို အွန်လိုင်းကနေ လိမ်လည်မှုတွေ နိုင်ငံဖြတ်ကျော်တဲ့ ရာဇဝတ်မှုတွေကို ထိန်းသိမ်းမယ်။ မြန်မာပါလီမန်ကနေ ဆောင်ရွက်နိုင်မယ်။ ပြင်ပဝင်ရောက်စွက်ဖက်မှု မပါဘဲ မြန်မာပြည်သူတွေက သူတို့ရဲ့ အနာဂါတ်အတွက် ဖြေရှင်းဖို့ ကျွန်တော်တို့ ကူညီနိုင်တယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ဟာလည်း ဘာမှအရာမထင်ခဲ့ပဲ အာစီယံက မမြင်ယောင် ဆောင်နေခဲ့တယ်၊ အခုထိုင်းမှာလုပ်မယ့် မြန်မာ့အရေး ဆွေး‌နွေးမှုဟာလည်း ထိုင်းအတွက် အကျိုးမရှိပါဘူး။ အခု ကျွန်တော် နိုင်ငံရေးမှာ မပါဝင်တော့ပေမဲ့ ပြည်သူတွေ တိုးတက်ဖွံ့ဖြိုးလာရေးကို တွန်းအားပေးနေဖို့ လိုပါတယ်။ ဖိနှိပ်မှုတွေ ရက်စက်မှုတွေကို ဆန့်ကျင်ရပ်တည်ပြီး ကျွန်တော်တို့က မြန်မာပြည်သူတွေကို ကူညီမယ် လိုအပ်တဲ့ ဖိအားပေးမှု လိုအပ်တဲ့ ဆွဲဆောင်မှုတွေနဲ့ တိုင်းပြည် တပြည်နဲ့တပြည်၊ ပြည်သူနဲ့ ပြည်သူ၊ စီးပွားရေးကို စီးပွားရေးအရ အကျိုးရှိစွာ ဆောင်ရွက်နိုင်ကြဖို့လိုပါတယ်”။

ဦးထွန်းအောင်ကျော်၏ သုံးသပ်ချက်

ပီတာကတော့ တိုင်းပြည်ချစ်တဲ့စိတ်၊ ပြည်သူတွေ မနစ်နာလိုတဲ့စိတ်နဲ့ သူတို့အာဏာမရအောင် စစ်တပ်က ညစ်ထားတာကို သီးခံပြီး ရွေးကောက်ပွဲလမ်းကြောင်းကနေ အာဏာရအောင် ဇောက်ချလုပ်သွားမယ်လို့ ပြောသွားပါတယ်။ သူ့စိတ်ဓါတ်က လေးစားစရာကောင်းသလို သူ့အတွေးအခေါ်တွေကလည်း မမှားပါဘူး။ ဒါပေမဲ့ မေးစရာရှိတာက ထိုင်းစစ်ခေါင်းဆောင်တွေဟာ သူ့လိုတိုင်းပြည်ကို ချစ်ပါ့မလား။ ပြည်သူတွေကိုအလေးထားပါ့မလား ဆိုတာပါပဲ ။ နောက်တကြိမ် သူတို့မဲအများစုနဲ့နိုင်ရင် ထိုင်းစစ်တပ်က အကြောင်းပြချက်ပေးပြီး အာဏာမသိမ်းဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ။

မြန်မာနိုင်ငံမှာ ၁၉၉၀ရွေးကောက်ပွဲမှာ NLD မဲအပြတ်အသတ်နိုင်ပေမဲ့အာဏာမပေးခဲ့ဘူး ၂၀၁၅မှာမဲနိုင်ပေမဲ့ အပြည့်အဝအုပ်ချုပ်ခွင့်မရခဲ့ဘူး ၂၀၂၀ထပ်နိုင်တော့အကြောင်းပြပြီး အာဏာသိမ်းခဲ့တယ်။ မြန်မာအခြေခံဥပဒေဟာ သူတို့ရေရှည်အာဏာ ဆွဲကိုင်ထားနိုင်ရေး ရည်ရွယ်ချက်နဲ့ စစ်တပ်ကရေးဆွဲခဲ့သလို အဲဒီအတုကိုယူပြီး ထိုင်းစစ်တပ်က သူတို့အာဏာ ဆွဲကိုင်ထားနိုင်ရေးကိုရည်ရွယ်ပြီး သူ့နိုင်ငံခြေဥကို ရေးဆွဲထားတာ ဖြစ်တယ် စီးပွားရေးပိုင်ဆိုင်မှုတွေ အများအပြားရှိနေတဲ့ ထိုင်းစစ်တပ်အနေနဲ့ ပီတာတို့မဲအများနဲ့ နိုင်ရင်တောင် အာဏာကို သက်တမ်းတခုအထိသာပေးပြီး နောက်သက်တမ်းမှာ မြန်မာစစ်တပ်လို အာဏာမသိမ်းဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက တော်လှန်ရေးအောင်မြင်သွားရင် ထိုင်းတွေ တော်လှန်ရေးကို စိတ်ဝင်စားလာနိုင်မယ်လို့ သုံးသပ်မိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 14 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 16 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 13 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 54 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ