ဇူလိုင်လ (၂၀)ရက်။
တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် ကိုးကန့်တပ်(MNDAA)က အခုဇူလိုင်လကုန်အထိ အပစ်ရပ်မယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇူလိုင်လ (၁၉)ရက်နေ့ကစပြီး (၃၁)ရက်နေ့အထိ (၁၂)ရက်ကြာ အပစ်ရပ်တာကို ကိုးကန့်တပ်(MNDAA)က တရုတ်ဘာသာနဲ့ ထုတ်ပြန်လာတာပါ။
အဲ့ဒီအပစ်ရပ်ထားတဲ့ကာလထဲ တိုက်ခိုက်တာခံရပါက ခုခံကာကွယ်တဲ့အနေနဲ့ တန်ပြန်တိုက်ခိုက်တာတွေကို သင့်တော်သလို ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းမြောက်ဒေသထဲ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ဦးဆောင်ကာ “ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂)ကို ဇွန်လနောက်ဆုံးအပတ်ကစပြီး အရှိန်မြှင့် ထိုးစစ်ဆင်နေတာပါ။
ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင်နေတဲ့အချိန် ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ ကိုးကန့်တပ်နဲ့ TNLA တို့က တဖက်သတ်အပစ်ရပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအပစ်ရပ်တဲ့ (၄)ရက်တာကာလမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတို့ကြောင့် အရပ်သား (၁၈)ဦးသေဆုံးကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။