နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တအာင်းဒေသထဲ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်းတွေ အပြင်းအထန် ကန့်ကွက်ရှုတ်ချ

ဩဂုတ်လ (၂၀)ရက်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တအာင်းပြည်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နေတဲ့ ဒေသတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ရှုံ့ချတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ လေယာဉ်အသုံးပြုပြီး ကျေးရွာတွေ၊ မြို့လယ်ခေါင်နေရာတွေ၊ ဆေးရုံတွေ၊ မြို့မဈေး၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ၊ စာသင်ကျောင်းတွေ စတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လူအများ အိပ်မောကျချိန်နဲ့ စုဝေးနေချိန်မှာ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇူလိုင်လ (၃)ရက်နေ့ကနေ ဩဂုတ်လ (၁၆)ရက်နေ့အထိ သိန္နီ၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ နမ့်လန်နဲ့ ကျောက်မဲမြို့တို့က အရပ်သား (၇)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ စစ်ကောင်စီဟာ မြို့နယ်အများအပြားကို ဆုံးရှုံးပြီးနောက် နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့အပြင် နိုင်ငံတကာရာဇ၀တ်မှု၊ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ လူသားမျိုးနွယ်ဖြစ်တည်မှု ဥပဒေအပေါ် ကျူးလွန်ဖောက်ဖျက်နေတာလို့ ရေးသားထားပါတယ်။

စစ်ရှုံးစစ်ကောင်စီအနေနဲ့ ရှမ်းမြောက်ဒေသမှာသာမက မြန်မာပြည်အနှံ့မှာ လေကြောင်းအသုံးပြုပြီး ပြည်သူတွေကို ဦးတည်တိုက်ခိုက်နေကာ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းတွေက ဖိအားပေးဖို့ကိုလဲ တိုက်တွန်းထားပါတယ်။

ပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ ပြည်ပကနေ လေယာဉ်ဆီ တင်သွင်းရောင်းချတာတွေ မပြုလုပ်ဖို့ တားဆီးတာနဲ့ စီးပွားရေးပိတ်ဆို့ဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဘဲ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်တွေကို ဆန့်ကျင်ဖို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို ထိရောက်တဲ့ အကူအညီတွေပေးဖို့နဲ့ စစ်ဘေးသင့်ပြည်သူတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိရောက်စွာ ပံ့ပိုးကူညီဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့
မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာတွေမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာ၊ အတတ်ပညာ
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ကာ
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး