နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကနီမြို့နယ် ချောင်းမရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

အောက်တိုဘာလ (၂၀)ရက်။

မနေ့က ည (၉)နာရီ (၂၃)မိနစ်အချိန်က ကနီမြို့နယ်ရှိ ချောင်းမရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက ချောင်းမကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာ‌ကြောင့် ကနီမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာသူ (၂)ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူ (၂)ဦးဟာ ကိုအဲလင်း (၃၉)နှစ်နဲ့ မငယ်ငယ် (၂၈)နှစ်တို့ဖြစ်ကာ ကိုအဲလင်းဟာ လက်ထိခိုက်ဒဏ်ရာရခဲ့ပြီး မငယ်ငယ်ကတော့ ဦးခေါင်းထိရှဒဏ်ရာအပြင် ခါးနဲ့ လက်ကျိုးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကနီမြို့နယ် ယာကြီးတာဝါတိုင်ကုန်းမှာလဲ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေပြီး အနီးအနားရှိကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“ စစ်ကောင်စီနဲ့ PDF တွေ ထိတွေ့တာတွေဖြစ်တော့ ဒီကောင်တွေ(စကစ)က လေကြောင်းနဲ့ရမ်းတော့တာ။ လေကြောင်းကို သတိကြီးကြီးထားနေရတယ်” လို့ စစ်ဘေးရှောင်သူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ယခုတလော စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာပြီး ပြည်သူများအနေနဲ့ ဘေးလွတ်ရာကို ပုန်းခိုနေကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ကြိုး‌ပမ်းနေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နံနက်ပိုင်းကပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးမှာ
မြန်မာသတင်း

မြန်မာအရေးကိစ္စ တစ်စုံလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တင်သွင်းဖို့ ပြတ်ပြတ်သားသား လုပ်သင့်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇)ရက်။ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကိစ္စ တစ်စုံလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တင်သွင်းဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်သင့်တယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက
မြန်မာသတင်း

ကနီမြို့ မိသားစု ၃ ဦး သတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်တဲ့ထိ NUG ဖော်ထုတ်သွားမည်ဟုဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၆) ရက်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစုဝင် ၂ ဦး မတရား သတ်ဖြတ်တဲ့အပေါ် အမှုမှန်ပေါက်တဲ့ထိ ဖော်ထုတ်သွားမယ်လို့ NUG ရဲ့
မြန်မာသတင်း

မြန်မာ-တရုတ်နယ်စပ်ဂိတ်‌တွေထဲက (၁၄)ခုထက်မနည်းကို တရုတ်ဘက်က ပိတ်ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 3 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေထဲက (၁၄)ခုထက်မနည်းကို တရုတ်အစိုးရဘက်က ကာလအကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်ဂိတ်တွေကို အောက်တိုဘာလ (၁၈)ရက်နေ့ကစပြီး ပိတ်ထားခဲ့ကာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့တွေကို
မြန်မာသတင်း

အညာစစ်ဒေသအတွက် တပ်သားသစ်တွေကို BPLA ခေါ်ယူနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇)ရက်။ မကြာမီမှာ စစ်ရေးဖော်ဆောင်တော့မယ့် အညာစစ်ဒေသအတွက် တပ်သားသစ်တွေကို BPLA က စိစစ်ရွေးချယ်ခေါ်ယူနေပြီလို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၃၀၈)၊ အညာစစ်ဒေသအတွက် တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ်ယူနေတာကို BPLA ရဲ့ စုဆောင်းရေးနဲ့ စိစစ်ရေးဌာနက
မြန်မာသတင်း

လိမ်လည်အလှူခံတာတွေကို သတိထားကြဖို့နဲ့  KNDF အသိပေးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 7 Views
နိုဝင်ဘာလ (၇)ရက်။ တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီး လိမ်လည်အလှူခံတာနဲ့ ပြည်သူတွေ ယုံကြည်မှုယုတ်လျော့အောင် မသမာသူတွေက ပြုလုပ်နေတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ KNDF ရဲ့ ဗဟိုဌာနတွေ၊ ဗျူဟာတွေ၊ တပ်ရင်းတွေရဲ့
မြန်မာသတင်း

မြန်မာ့ရိုးရာအတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပဏာမစာရင်းမှာပါဝင်လာ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပမာဏစာရင်းမှာ ပါဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံက တင်သွင်းထားတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ရဲ့ အဆိုပြုစာတွဲနဲ့ပတ်သက်ပြီး (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင်ဆုံးဖြတ်မှာဖြစ်တယ်လို့
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ရောက် စစ်ခေါင်းဆောင်က လာအိုနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောဆိုခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 5 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို