နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူသားချင်းစာနာထောက်ထားမှုအရ စစ်မှုထမ်းဥပဒေပြဌာန်းမှုမှ ထွက်ပြေးလာကြသော မြန်မာနိုင်ငံသားများကို အကူအညီပေးရန် ထိုင်းအစိုးရကို ထိုင်းနိုင်ငံ အတိုက်အခံများက တောင်းဆို

ဖေဖော်ဝါရီလ (၂၁) ရက်။

Fair Party မှ လွှတ်တော်အမတ်တဦးဖြစ်သူ မစ္စတာကန်နာဗီ ဆွီဘဆိုင်း (Kannavee Suebsang) က မြန်မာစစ်အစိုးရသည် နှစ်ဖက်သဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ အလုပ်သမားများ တင်ပို့ခြင်းကို ယာယီရပ်ဆိုင်းထားကြောင်း ပြောဆိုခဲ့သည်။ ယခင်က အလုပ်သမား ၇၀၀-၈၀၀ ခန့်သည် နေ့စဉ်ထိုင်းနိုင်ငံသို့ နယ်စပ်ကို ဖြတ်ကျော်ပြီး လာရောက်နေခဲ့ကြောင်း သူကဆိုသည်။

“ ကျွန်တော်အနေနဲ့ အလုပ်သမားတင်ပို့တာကို ရပ်ဆိုင်းထားခြင်းဟာ မြန်မာပြည်မှာ ဖြစ်ပျက်နေခြင်းနဲ့ သက်ဆိုင်လား မဆိုင်လားဆိုတာ ကျွန်တော် မသိပါဘူး” ဟု ဆိုသည်။ ” သက်ဆိုင်မှုရှိခဲ့ပါက ထိုင်းအစိုးရက သူတို့ကိုပြန်ပို့မယ်ဆိုရင် အဓိက စိုးရိမ်စရာအချက်အဖြစ် စဉ်းစားရလိမ့်မယ်” ဟု သူက ဆိုသည်။

“ မြန်မာနိုင်ငံသားတွေဟာ ကြီးမားတဲ့ အရေအတွက်နဲ့ ထွက်ပြေးလာနေကြတယ်။ သူတို့ဟာ ခိုးဝင်ဖို့ ပြေးလာနေတာမဟုတ်ဘူး သူတို့ဟာ သေမှာကြောက်လို့ ပြေးလာနေကြတာ ဖြစ်တယ်။ သူတို့ဟာ အတင်းအကြပ်ရှေ့တန်းကို ပို့ဆောင်ခံရပြီး သေခြင်းကို ရင်ဆိုင်ဖို့ ဒါမှမဟုတ် အခြားသူများကို သတ်ဖို့ကနေ လွတ်မြောက်နိုင်ရန် ပြေးလာကြခြင်း ဖြစ်တယ်။ သူတို့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကနေ ထွက်ပြေးလာနေခြင်း ဖြစ်တယ်” ဟု သူက ဆိုသည်။

ယင်းပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းအစိုးရအနေနှင့် လာမည့် (၆) လအတွက် အရေးပေါ်အစီအစဉ်တရပ်ကို ချမှတ်ဖို့ လိုအပ်သည်ဟု သူက ထပ်လောင်း ပြောခဲ့သည်။

မစ္စတာကန်နာဗီက ထိုင်းအစိုးရအနေနှင့် ထွက်ပြေးလာသော မြန်မာနိုင်ငံသားများကို ဆိုင်းငံ့ခံထားရသော နှစ်နိုင်ငံသဘောတူညီချက် MOU ဖြင့်လာရောက်မည့် အလုပ်သမားများအစား လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် ယာယီအလုပ်လုပ်ခွင့်ပေးခြင်းဖြင့် အစားထိုးပေးရန် အကြံပြုခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းက အလုပ်သမားပြတ်လတ်နေခြင်းကို အစားထိုးအကူအညီပေးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

ဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်သည် မကြာခင်က ထိုင်းနိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ဝင်လာပါက အရေးယူအပစ်ပေးခြင်းခံရမည်ဟု သတိပေးထားခဲ့သည်။ စစ်အုပ်စုမှ လူငယ်များကို စစ်ထဲမဝင်မနေရဥပဒေကို ဖေဖော်ဝါရီလတွင် အသက်သွင်းခဲ့ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ဗီဇာလျှောက်ထားမှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် သူက ထိုကဲ့သို့ မှတ်ချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖို့ဖရာ့ခရိုင်တပ်ခ်မြို့နယ်တွင် စစ်သားများနှင့် ဒေသခံအရာရှိများ ပူးပေါင်းအဖွဲ့သည် ပစ်ကပ်ကားတစီးပေါ်တွင် ထိုင်းနိုင်ငံတွင်းသို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ဖမ်းဆီးရမိခဲ့သည်။ ထိုင်းလူမျိုးနှစ်ဦးကိုလည်း တရားမဝင်ခိုးသွင်းမှုဖြင့် အရေးယူ ဖမ်းဆီးထားသည်။ လုံခြုံရေးသတင်းရပ်ကွက်မှ တရားမဝင်ခိုးဝင်လာနေသော မြန်မာနိုင်ငံသားများကို နေ့စဉ်ဖမ်းမိနေသည်ဟု ဆိုသည်။

ရိုက်တာ၏သတင်းအရ မြန်မာစစ်တပ်သည် လူငယ်များကို မဝင်မနေရ စစ်မှုထမ်းခြင်းကို ပါဝင်ဝန်ဆောင်မှုပေးရန် ဧပြီလမှ စတင်ခေါ်ဆိုနေသည့်အပြင် အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းများကိုလည်း စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသူများကို တိုက်ဖျက်ရန်အတွက် ပြန်လည်ခေါ်နေကြောင်းသိရသည်။

လွန်ခဲ့သည် စနေနေ့က အခြေခံဥပဒေအရ ပြဌာန်းထားသည့်စစ်မှုထမ်းဥပဒေအရ အမျိုးသားများအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီးများအတွက် အသက် ၁၈ နှစ်မှ ၂၇နှစ်အတွင်း စာရင်းသွင်းရမည်ဟု ကြေညာခဲ့ပြီး ထိုအမိန့်သည် ယခုဖေဖော်ဝါရီလမှ စတင်အသက်ဝင်မည်ဖြစ်သည်။

ထိုစစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး အမိန့်ထုတ် စုဆောင်းခြင်းမရှိခဲ့ပါ။

Fair Party မှ လွှတ်တော်အမတ်တဦးဖြစ်သူ မစ္စတာကန်နာဗီ ဆွီဘဆိုင်း (Kannavee Suebsang)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 18 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 20 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 20 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 19 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 26 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 28 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်