နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူသားချင်းစာနာထောက်ထားမှုအရ စစ်မှုထမ်းဥပဒေပြဌာန်းမှုမှ ထွက်ပြေးလာကြသော မြန်မာနိုင်ငံသားများကို အကူအညီပေးရန် ထိုင်းအစိုးရကို ထိုင်းနိုင်ငံ အတိုက်အခံများက တောင်းဆို

ဖေဖော်ဝါရီလ (၂၁) ရက်။

Fair Party မှ လွှတ်တော်အမတ်တဦးဖြစ်သူ မစ္စတာကန်နာဗီ ဆွီဘဆိုင်း (Kannavee Suebsang) က မြန်မာစစ်အစိုးရသည် နှစ်ဖက်သဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ အလုပ်သမားများ တင်ပို့ခြင်းကို ယာယီရပ်ဆိုင်းထားကြောင်း ပြောဆိုခဲ့သည်။ ယခင်က အလုပ်သမား ၇၀၀-၈၀၀ ခန့်သည် နေ့စဉ်ထိုင်းနိုင်ငံသို့ နယ်စပ်ကို ဖြတ်ကျော်ပြီး လာရောက်နေခဲ့ကြောင်း သူကဆိုသည်။

“ကျွန်တော်အနေနဲ့ အလုပ်သမားတင်ပို့တာကို ရပ်ဆိုင်းထားခြင်းဟာ မြန်မာပြည်မှာ ဖြစ်ပျက်နေခြင်းနဲ့ သက်ဆိုင်လား မဆိုင်လားဆိုတာ ကျွန်တော် မသိပါဘူး” ဟု ဆိုသည်။ ”သက်ဆိုင်မှုရှိခဲ့ပါက ထိုင်းအစိုးရက သူတို့ကိုပြန်ပို့မယ်ဆိုရင် အဓိက စိုးရိမ်စရာအချက်အဖြစ် စဉ်းစားရလိမ့်မယ်” ဟု သူက ဆိုသည်။

“မြန်မာနိုင်ငံသားတွေဟာ ကြီးမားတဲ့ အရေအတွက်နဲ့ ထွက်ပြေးလာနေကြတယ်။ သူတို့ဟာ ခိုးဝင်ဖို့ ပြေးလာနေတာမဟုတ်ဘူး သူတို့ဟာ သေမှာကြောက်လို့ ပြေးလာနေကြတာ ဖြစ်တယ်။ သူတို့ဟာ အတင်းအကြပ်ရှေ့တန်းကို ပို့ဆောင်ခံရပြီး သေခြင်းကို ရင်ဆိုင်ဖို့ ဒါမှမဟုတ် အခြားသူများကို သတ်ဖို့ကနေ လွတ်မြောက်နိုင်ရန် ပြေးလာကြခြင်း ဖြစ်တယ်။ သူတို့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကနေ ထွက်ပြေးလာနေခြင်း ဖြစ်တယ်” ဟု သူက ဆိုသည်။

ယင်းပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းအစိုးရအနေနှင့် လာမည့် (၆) လအတွက် အရေးပေါ်အစီအစဉ်တရပ်ကို ချမှတ်ဖို့ လိုအပ်သည်ဟု သူက ထပ်လောင်း ပြောခဲ့သည်။

မစ္စတာကန်နာဗီက ထိုင်းအစိုးရအနေနှင့် ထွက်ပြေးလာသော မြန်မာနိုင်ငံသားများကို ဆိုင်းငံ့ခံထားရသော နှစ်နိုင်ငံသဘောတူညီချက် MOU ဖြင့်လာရောက်မည့် အလုပ်သမားများအစား လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် ယာယီအလုပ်လုပ်ခွင့်ပေးခြင်းဖြင့် အစားထိုးပေးရန် အကြံပြုခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းက အလုပ်သမားပြတ်လတ်နေခြင်းကို အစားထိုးအကူအညီပေးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

ဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်သည် မကြာခင်က ထိုင်းနိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်ဝင်လာပါက အရေးယူအပစ်ပေးခြင်းခံရမည်ဟု သတိပေးထားခဲ့သည်။ စစ်အုပ်စုမှ လူငယ်များကို စစ်ထဲမဝင်မနေရဥပဒေကို ဖေဖော်ဝါရီလတွင် အသက်သွင်းခဲ့ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ဗီဇာလျှောက်ထားမှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် သူက ထိုကဲ့သို့ မှတ်ချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖို့ဖရာ့ခရိုင်တပ်ခ်မြို့နယ်တွင် စစ်သားများနှင့် ဒေသခံအရာရှိများ ပူးပေါင်းအဖွဲ့သည် ပစ်ကပ်ကားတစီးပေါ်တွင် ထိုင်းနိုင်ငံတွင်းသို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ဖမ်းဆီးရမိခဲ့သည်။ ထိုင်းလူမျိုးနှစ်ဦးကိုလည်း တရားမဝင်ခိုးသွင်းမှုဖြင့် အရေးယူ ဖမ်းဆီးထားသည်။ လုံခြုံရေးသတင်းရပ်ကွက်မှ တရားမဝင်ခိုးဝင်လာနေသော မြန်မာနိုင်ငံသားများကို နေ့စဉ်ဖမ်းမိနေသည်ဟု ဆိုသည်။

ရိုက်တာ၏သတင်းအရ မြန်မာစစ်တပ်သည် လူငယ်များကို မဝင်မနေရ စစ်မှုထမ်းခြင်းကို ပါဝင်ဝန်ဆောင်မှုပေးရန် ဧပြီလမှ စတင်ခေါ်ဆိုနေသည့်အပြင် အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းများကိုလည်း စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသူများကို တိုက်ဖျက်ရန်အတွက် ပြန်လည်ခေါ်နေကြောင်းသိရသည်။

လွန်ခဲ့သည် စနေနေ့က အခြေခံဥပဒေအရ ပြဌာန်းထားသည့်စစ်မှုထမ်းဥပဒေအရ အမျိုးသားများအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီးများအတွက် အသက် ၁၈ နှစ်မှ ၂၇နှစ်အတွင်း စာရင်းသွင်းရမည်ဟု ကြေညာခဲ့ပြီး ထိုအမိန့်သည် ယခုဖေဖော်ဝါရီလမှ စတင်အသက်ဝင်မည်ဖြစ်သည်။

ထိုစစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး အမိန့်ထုတ် စုဆောင်းခြင်းမရှိခဲ့ပါ။

Fair Party မှ လွှတ်တော်အမတ်တဦးဖြစ်သူ မစ္စတာကန်နာဗီ ဆွီဘဆိုင်း (Kannavee Suebsang)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို