နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျားဖြန့်တိုက်ဖျက်ရေး မြန်မာစစ်တပ်နဲ့ ပူးပေါင်းရင် အောင်မြင်မှာမဟုတ်ဘူးလို့ KNU ထုတ်ပြန်

ရာဇဝတ်လုပ်ငန်းတွေ တားမြစ်တိုက်ဖျက်ဖို့ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ အထူးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ဆို

နိုဝင်ဘာလ (၂၀)ရက်။

ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်ဆို အောင်မြင်မှာမဟုတ်ဘူးလို့ KNU က မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကျားဖြန့်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ အစိုးရအချင်းချင်း ဗဟိုပြုချဉ်းကပ်မှုပုံစံကို စွဲကိုင်ပြီး မြန်မာစစ်တပ်နဲ့ ပူးပေါင်းရင် မအောင်မြင်တဲ့အပြင် ပြည်သူအပေါ် မလိုလားတဲ့ ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီလိုအခြေအနေဟာ မြန်မာစစ်တပ်အနေနဲ့ အဲ့ဒီကျားဖြန့်လုပ်ငန်းတွေ ဖြစ်ပေါ်လာဖို့ကို တဖက်တလမ်းကနေ အားပေးနေသလို အဲ့ဒီလုပ်ငန်းတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ အဖွဲ့အစည်းဖြစ်‌တာကြောင့်လို့ ဆိုပါတယ်။

နောက်ပြီး မြန်မာစစ်တပ်ဟာ ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာနဲ့အတူ တိုက်ဖျက်မယ်လို့ အကြောင်းပြပြီး သူတို့ရဲ့ နိုင်ငံတကာသံတမန်ဆက်ဆံရေးကို ချဲ့ထွင်ဖို့၊ သူတို့ အုပ်ချုပ်ရေး တရားဝင်ဖို့နဲ့ အင်အားအလွန်အကျွံ သုံးစွဲတာအတွက် အခွင့်ကောင်းယူပြီး ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်တာတွေ ပိုမိုကျူးလွန်မှာကို အလွန်စိုးရိမ်မိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စိုးရိမ်စရာ အကြောင်းအရာနောက်တခုဟာ စစ်တပ်နဲ့ BGF တို့ ပူးပေါင်းပြီး KK Park ထဲက အွန်လိုင်းငွေလိမ်စင်တာတွေကို အင်အားသုံးဖြိုခွင်းရာမှာ ထွက်ပြေးလာသူတွေဟာ KNU အုပ်ချုပ်တဲ့ ဒူးပလာယာခရိုင်နဲ့ ဘားအံခရိုင်တို့ကို ရောက်ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စက်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ ပပျောက်ဖို့အတွက် နိုင်ငံတကာနဲ့ ဒေသထဲ ကြိုးပမ်းတာတွေမှာ KNU အနေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ‌အသိပေးထားပါတယ်။

ဒီလို ပြည်သူတွေရဲ့ လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်နေတဲ့ ရာဇဝတ်လုပ်ငန်းတွေ တားမြစ်တိုက်ဖျက်ဖို့ကို ထိထိမိမိ ဦးစားပေးဆောင်ရွက်ဖို့နဲ့ ထိုင်းနဲ့ နိုင်ငံတကာအဖွဲ့တွေကို ကူညီပံ့ပိုးနိုင်ဖို့ KNU ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ ပါဝင်တဲ့ အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီး မြေပြင်တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံတကာသံတမန်အသိုက်အဝန်းအနေနဲ့လဲ လူကုန်ကူးခံရသူတွေနဲ့ အွန်လိုင်းငွေလိမ်စင်တာတွေမှာ အနိုင်ငံကျင့်ခံရသူတွေကို အကာအကွယ်ပေးဖို့ ဆောင်ရွက်ရာမှာ တော်လှန်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာအရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထည့်သွင်းတိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို