နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

စစ်ကောင်စီသင်တန်းပေးထားတဲ့ မူဆလင်အစွန်းရောက်လက်နက်ကိုင်တွေက ခမီလူမျိုး (၇)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

ဇူလိုင်လ (၂၁)ရက်။

ဘူးသီးတောင်မြို့နယ်ရှိ ဂန္ဓာရီကယ်ဆယ်ရေးစခန်းရှိ ခမီလူမျိုး (၇)ဦးကို စစ်ကောင်စီသင်တန်းပေးထားတဲ့ မူဆလင်အစွန်းရောက် လက်နက်ကိုင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကယ်ဆယ်ရေးစခန်းက ခမီလူမျိုး (၇)ဦးဟာ ဇူလိုင်လ (၁၈)ရက်နေ့ နံနက် (၁၁)နာရီအချိန်မှာ မျှစ်ချိုးဖို့ထွက်သွားခဲ့ရာက တရက်ကြာတဲ့အထိ နေအိမ်တွေကို ပြန်လည်ရောက်ရှိလာတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

နေအိမ်တွေကို ပြန်မရောက်လာတာကြောင့် မိသားစု၀င်တွေက ဇူလိုင်လ (၁၉)ရက်မှာ အာရက္ခတပ်တော်(AA)ကို သတင်းပို့လာတဲ့အတွက် အနီးရှိကျေးရွာတွေကို လိုက်လံရှာဖွေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုရှာဖွေခဲ့ရာ ဘူးသီးတောင်မြို့ လက်ပံရှည်(ခ)မော်နီကိုကျေးရွာမှာ လက်ပြန်ကြိုးတုတ်ကာ သေနတ်ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း (၃)လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၂၀)ရက်က အထက်ပါကျေးရွာအနီးမှာပဲ ကျန်တဲ့သူ (၄)ဦးကို ဓါးဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ကာ သေဆုံးသူတွေဟာ ဦးလှထွန်း၊ ဦးကျော်လှ၊ ဦးမောင်ထွန်း၊ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနဲ့ ဦးကြာထွန်းတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

သေဆုံးခဲ့သူ (၇)ဦးရဲ့ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကာ အကူအညီတွေပေးအပ်ခဲ့ပြီး အကြမ်းဖက်ခံရကာ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစု၀င်တွေနဲ့အတူ ၀မ်းနည်းရတယ်လို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသူတွေကို ဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ အကြမ်းဖက်လက်နက်ကိုင် မူဆလင်တွေကို ထိုက်သင့်တဲ့တုန့်ပြန်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့လဲ အသိပေးထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမှာ စစ်ကောင်စီက မူဆလင်တွေကို အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့နောက်ပိုင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ပြည်သူတွေ အထူးဂရုပြုသွားလာနေထိုင်ကြဖို့ AA က သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 19 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို
၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 70 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 166 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်
၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 87 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်‌တွေထံက သိရပါတယ်။ “ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA
1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 113 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်တွေရှိတဲ့ မရွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 108 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီမှာ စစ်ရှောင်တွေနေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 160 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 173 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး