နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖားကန့်မြို့မှာ စစ်ရေးတင်းမာနေတာ‌ကြောင့် ဒေသခံအများအပြား မြို့ကိုစွန့်ခွာနေကြပြီး တိတ်ဆိတ်ခြောက်ကပ်နေ

စက်တင်ဘာလ (၂၁)ရက်။

အခုရက်ပိုင်းထဲ ဖားကန့်မြို့မှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံအများအပြား မြို့ကို စွန့်ခွာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ မနေ့ကစပြီး မြို့နေလူထုက မြို့ကို စွန့်ခွာနေကြပါတယ်။ တချို့တော့ ကျန်သေးတယ်။ ကျန်နေတဲ့သူတွေကော မြို့ကိုစွန့်ခွာတဲ့သူတွေကောက စိုးရိမ်စိတ်တွေနဲ့ ဖြစ်နေကြရတာ။ အခုဖားကန့်မှာက တပ်လှန့်တဲ့အနေအထား ရောက်သွားပြီ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

မနေ့ကစပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းကို ခြိမ်းခြောက်ထားကာ ဖားကန့်မြို့အနေနဲ့ တပ်လှန်တဲ့အနေအထားကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အခုအခါ စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေရှိနေပြီး ဖားကန့်မြို့အခြေအနေဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့လဲ ပြောဆိုထားပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစပြီး ဖားကန့်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ KIA/PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ဖားကန့်မြို့ပေါ်အထိ စစ်ရေးတင်းမာလာတာပါ။

“ အခု ဖားကန့်မြို့ပေါ်မှာ လူတောင်မရှိတော့သလောက် ဖြစ်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေတယ်။ ဈေးဆိုင်တွေလဲ ပိတ်ထားကြတယ်။ စကစကလဲ လေယာဉ်တွေနဲ့ဝနေတာရှိတယ်၊ မကြာခင်တိုက်ပွဲဖြစ်လာနိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီလို စစ်ရေးတင်းမာနေတဲ့အချိန်မှာ ခရီးသွားလာတာတွေကို ကန့်သတ်ထားပြီး ဆိပ်မူရွာမှာ နံနက် (၆)နာရီကနေ နံနက် (၉)နာရီအထိနဲ့ ညနေ (၄)နာရီကနေ ညနေ (၆)နာရီအထိ ဖြတ်သန်းသွားလာဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 37 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 10 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 15 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်
မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 25 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေ (၅)နာရီခွဲခန့်က
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 32 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA က ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၂၀)ရက်နဲ့ (၂၁)ရက်တို့မှာ
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 30 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 28 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့
မြန်မာသတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 34 Views
ဇန်နဝါရီလ (၂၂)ရက်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု